တမန်တော်ဝတ္ထု 8:25 - Garrad Bible25 တ မန် တော် တို့ သည် အ ရှင် ဘု ရား၏ တ ရား တော် ကို ထို သို့ သက် သေ ခံ၍ ဟော ပြော ကြ ပြီး နောက်၊ ရှ မာ ရိ မြို့ ရွာ အ များ တွင် သ တင်း တော် မြတ် ကို ကြား ပြော လျက် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible25 ပေတရုနှင့်ယောဟန်တို့သည်သခင်ယေရှု အကြောင်းဆိုင်ရာ ကိုယ်တွေ့မျက်မြင်အဖြစ် အပျက်များကိုသက်သေခံလျက် သခင်ဘုရား ၏တရားတော်ကိုဟောပြောပြီးနောက် ယေရု ရှလင်မြို့သို့ပြန်သွားကြ၏။ အပြန်လမ်း ခရီးတွင်များစွာသောရှမာရိရွာတို့၌ သတင်းကောင်းကို ဟောပြောကြေညာကြ၏။ အခန်းကိုကြည့်ပါ။Judson Bible25 တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ပေတရုနှင့်ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို သက်သေခံ၍ဟောပြောကြပြီးနောက် ဂျေရုဆလင်မြို့သို့ပြန်သွားရင်း ရှမာရိနယ်သားတို့၏ကျေးရွာများစွာတို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ပေတရုနှင့် ယောဟန်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်အား သက်သေခံဟောပြောပြီးသည့်နောက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြကာ ရှမာရိရွာများ၌ သတင်းကောင်းကို ဟောပြောကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ နှင့် အ ညီ၊ နေ့ ချိန်း ချက် ပြီး သော်၊ ပေါ လု တည်း ခို ရာ အိမ် သို့ အ များ တို့ လာ ရောက် ကြ ရာ၊ ပေါ လု သည် နံ နက် အ ချိန် မှ ည နေ အ ချိန် တိုင် မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ ကို ကိုး၍ ဘု ရား သ ခင့် နိုင် ငံ တော့် အ ကြောင်း သက် သေ ခံ လျက်၊ ယေ ရှု အ ကြောင်း သ ဘော ကျ စေ ရန် ဘော် ပြ ရာ၊