တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
တမန်တော်ဝတ္ထု 7:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိအားဖြင့် မိမိလူမျိုးကို ဘုရားသခင်ကယ်တင်မည်ဖြစ်ကြောင်း မိမိလူမျိုးတို့နားလည်ကြမည်ဟု မောရှေထင်မှတ်ခဲ့၏။ သို့သော် သူတို့သည် နားမလည်ကြပေ။ Common Language Bible (မောရှေသည်ဣသရေလအမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် မိမိအားဘုရား သခင်စေလွှတ်တော်မူခဲ့ကြောင်းကို သူတို့ သိရှိနားလည်ကြလိမ့်မည်ဟုထင်မှတ်ခဲ့ ၏။ သို့ရာတွင်ထိုသူတို့သည်နားမလည် ကြ။)- Garrad Bible ကိုယ့် လက် ဖြင့် ဘေး လွတ် ခွင့် ကို ဘု ရား သ ခင် သ နား တော် မူ ကြောင်း ဆွေ မျိုး သား ချင်း တို့ နား လည် ကြ မည် ဟု မော ရှေ အောက် မေ့ သော် လည်း နား မ လည် ကြ သည် နှင့်၊ Judson Bible ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နုတ်တော်မူမည်အရာကို ညီအစ်ကိုတို့သည် နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေက သူ့လက်ဖြင့် သူ၏ညီအစ်ကိုတို့အား လွတ်မြောက်ခြင်းကို ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း သူတို့နားလည်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့သည်နားမလည်ခဲ့ကြပေ။ |
တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
သို့ရာတွင် တပည့်တော်တို့သည် ထိုအကြောင်းအရာတစ်ခုကိုမျှ နားမလည်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာများ၏အနက်အဓိပ္ပာယ်ကို သူတို့ထံမှ ဝှက်ထားလျက်ရှိသောကြောင့် နားမလည်နိုင်ကြခြင်းဖြစ်၏။
သို့သော် ထိုစကားတော်၏အနက်အဓိပ္ပာယ်ကို ဖုံးကွယ်ထားတော်မူသည်ဖြစ်၍ တပည့်တော်တို့သည် နားမလည်ကြပေ။ ဤစကားတော်၏ဆိုလိုရင်းကိုလည်း မမေးလျှောက်ဝံ့ကြ။
အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းသားများကို စုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသောအရာအားလုံးကိုလည်းကောင်း၊ လူမျိုးခြားတို့ ယုံကြည်လာစေရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောပြကြ၏။
ဂျေရုဆလင်မြို့သို့ ရောက်သောအခါ အသင်းတော်၊ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများက လက်ခံကြိုဆိုကြ၏။ ပေါလုနှင့် ဗာနဗတို့သည် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသည့်အမှုအားလုံးကို ပြန်ပြောပြကြ၏။
များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည်ထ၍ “ညီအစ်ကိုတို့… ကျွန်ုပ်ဟောပြောသော သတင်းကောင်းကို လူမျိုးခြားတို့ကြား၍ ယုံကြည်နိုင်ရန် ဘုရားသခင်သည် အစောပိုင်းကာလတွင် သင်တို့အထဲမှ ကျွန်ုပ်ကို ရွေးချယ်တော်မူကြောင်း သင်တို့သိကြ၏။
ပေါလုသည် သူတို့အား နှုတ်ဆက်ပြီးနောက် မိမိလုပ်ဆောင်သောအမှုတော်အားဖြင့် လူမျိုးခြားတို့အပေါ်၌ ဘုရားသခင်ပြုတော်မူသော အမှုတို့ကို တစ်ခုချင်းပြောပြလေ၏။
ထို့နောက် မိမိလူမျိုးတစ်ဦး မတရားနှိပ်စက်ခံနေရသည်ကို မြင်သောအခါ ထိုနှိပ်စက်ခံရသူဘက်မှ ကူ၍ အီဂျစ်လူမျိုးကိုရိုက်သတ်ကာ လက်တုံ့ပြန်ပေးလေ၏။
နောက်တစ်နေ့တွင် အစ္စရေးလူမျိုးနှစ်ဦး ရန်ဖြစ်နေချိန် မောရှေသည်သွား၍ ‘သင်တို့သည် ညီအစ်ကိုချင်းဖြစ်လျက် အဘယ်ကြောင့် အချင်းချင်း ရန်ဖြစ်ကြသနည်း’ ဟု ဆိုကာ သူတို့အား ဖျန်ဖြေရန် ကြိုးပမ်းလေ၏။
သို့သော်လည်း လူမျိုးခြားများ ဘုရားသခင်ကို နာခံလာစေရန် ခရစ်တော်သည် ကျွန်ုပ်ကို အသုံးပြု၍ ကျွန်ုပ်၏ အပြောအဆို၊ အပြုအမူအားဖြင့်လည်းကောင်း၊
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ထိုအတွက်ကြောင့် ကျွန်ုပ်အထဲ၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်၏ တန်ခိုးကြီးသော လုပ်ဆောင်မှုအပေါ် မူတည်၍ ကျွန်ုပ်ကြိုးပမ်းလုပ်ဆောင်နေ၏။