ထိုသူသည် ဉာဏ်ရည်ထက်မြက်သောမြို့ဝန်မင်း သေရဂိပေါလု၏မိတ်ဆွေဖြစ်၏။ ထိုမြို့ဝန်မင်းသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာလို၍ ဗာနဗနှင့်ရှောလုကို ဖိတ်ခေါ်လေ၏။
တမန်တော်ဝတ္ထု 28:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာ အနီးတစ်ဝိုက်တွင် ကျွန်းသူကြီး ပုဗလိပိုင်သည့် မြေကွက်များရှိ၏။ ထိုသူသည် ကျွန်ုပ်တို့ကို ကြိုဆိုလက်ခံ၍ သုံးရက်တိုင် ကောင်းမွန်စွာဧည့်ခံ၏။ Common Language Bible ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။- Garrad Bible ထို အ ရပ် အ နီး လယ် ယာ ပိုင် သော ပု ဗ လိ ဆို သူ ကျွန်း စား သည် ငါ တို့ ကို လက် ခံ ပြီး လျှင်၊ သုံး ရက် ဧည့် ဝတ် ပြု၏။ Judson Bible ထိုအရပ်နှင့် မနီးမဝေး ပုဗလိအမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာအနီးတွင် ပုဗလိဟုအမည်ရှိသောကျွန်းသူကြီး၏မြေကွက်များရှိ၏။ သူသည် ငါတို့ကိုလက်ခံ၍ သုံးရက်တိုင်တိုင် ကောင်းစွာဧည့်ခံလေ၏။ |
ထိုသူသည် ဉာဏ်ရည်ထက်မြက်သောမြို့ဝန်မင်း သေရဂိပေါလု၏မိတ်ဆွေဖြစ်၏။ ထိုမြို့ဝန်မင်းသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာလို၍ ဗာနဗနှင့်ရှောလုကို ဖိတ်ခေါ်လေ၏။
သို့သော် ဂါလျန်မင်းသည် အခါယပြည်၏မြို့ဝန်မင်းဖြစ်သောအခါ ဂျူးတို့သည် ပေါလုကို ပူးပေါင်းဆန့်ကျင်၍ တရားခွင်သို့ ခေါ်ဆောင်သွားကြ၏။
ပေါလုစီးရန် မြင်းများကိုလည်း ပြင်ဆင်ပေးပြီး သူ့ကို ဘုရင်ခံဖေလဇ်မင်းထံသို့ ဘေးကင်းလုံခြုံစွာပို့ဆောင်လော့” ဟု မှာကြားပြီးနောက်
ကျွန်းသူကျွန်းသားများက ကျွန်ုပ်တို့အပေါ် အလွန်ကြင်နာကြ၏။ မိုးရွာ၍ ချမ်းအေးသောကြောင့် သူတို့သည်မီးဖိုပေးလျက် ကျွန်ုပ်တို့အားလုံးကို ကြိုဆိုဧည့်ခံကြ၏။
ပေါလု၏လက်သည် ရောင်လာသဖြင့် ထိုသူတို့က ရုတ်တရက်လဲသေမည်ဟု စောင့်ကြည့်နေကြ၏။ သို့ရာတွင် အချိန်အတန်ကြာစောင့်ကြည့်သော်လည်း ပေါလု၌ မည်သည့်ဘေးအန္တရာယ်မှ မဖြစ်သည်ကို မြင်သောအခါ သူတို့၏ထင်မြင်ချက်ကို ပြောင်း၍ “ဤလူသည် ဘုရားတစ်ဆူဖြစ်သည်” ဟူ၍ ပြောဆိုကြ၏။
ပုဗလိ၏ဖခင်သည် ဖျားနာ၍ ဝမ်းကိုက်သဖြင့် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့သွား၍ ဆုတောင်းပေးပြီးမှ သူ့အပေါ်လက်ကိုတင်၍ ကျန်းမာစေ၏။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
သူစိမ်းတို့အား ဧည့်ဝတ်ပြုရန် မမေ့လျော့နှင့်။ ထိုသို့ပြုသောသူ တချို့သည် မသိမှတ်ဘဲ ကောင်းကင်တမန်များကိုပင် ဧည့်ခံခဲ့ကြပြီ။