ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
တမန်တော်ဝတ္ထု 23:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “သင့်ကို စွပ်စွဲသူများရောက်လာသောအခါ သင်၏အမှုကို ငါကြားနာမည်” ဟု ဆို၏။ ထို့နောက် ဘုရင်ခံသည် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်၌ စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။ Common Language Bible ဘုရင်ခံမင်းက ``ဤအရပ်သို့သင်၏တရား လိုများရောက်ရှိလာကြသောအခါ သင်၏ အမှုကိုငါစစ်ဆေးမည်'' ဟုဆို၏။ ထိုနောက် ပေါလုအားဟေရုဒ်မင်းကြီးဆောက်လုပ်ခဲ့ သောနန်းတော်တွင်အစောင့်အကြပ်နှင့်ထား ရန်အမိန့်ပေးလေသည်။ Garrad Bible စွဲ ဆို သူ တို့ ရောက် လာ မှ သင့် အ မှု ကို ငါ စစ် ဆေး မည် ဟု ဆို လျက် ပေါ လု ကို ဟေ ရုဒ် မင်း နန်း တော် ဟောင်း တွင် အ စောင့် အ ကြပ် နှင့် ထား စေ ရန် အ မိန့် ရှိ ၏။ Judson Bible သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း “သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။ |
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
ဟေရုဒ်မင်းသည် မိမိကို ပညာရှိများလှည့်ဖြားကြောင်း သိမြင်သောအခါ ပြင်းစွာအမျက်ထွက်လေ၏။ ထို့နောက် ပညာရှိများထံမှ စုံစမ်းမေးမြန်းထားသော ကြယ်ပေါ်ထွန်းသည့် အချိန်ကာလကို အခြေခံလျက် စစ်သားများအား ဗက်လင်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသသို့ စေလွှတ်ကာ နှစ်နှစ်အရွယ်မှစ၍ နှစ်နှစ်အောက် သားယောက်ျားအားလုံးကို သတ်စေ၏။
ထိုအကြောင်းကို ကြားသောအခါ ဟေရုဒ်မင်းနှင့်တကွ ဂျေရုဆလင်မြို့တွင်ရှိသော လူအပေါင်းတို့သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ကြ၏။
စစ်သားတချို့သည် ယေရှုကို ရောမဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။
ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။
သို့ရာတွင် ဂျူးလူမျိုးများသည် သူ့ကိုသတ်ရန် လျှို့ဝှက်ကြံစည်သည့်အကြောင်းကို အကျွန်ုပ်ကြားရသောအခါ အရှင့်ထံသို့ သူ့ကိုချက်ချင်းစေလွှတ်လိုက်ပါ၏။ စွပ်စွဲသောသူများကိုလည်း သူ့အပေါ်စွပ်စွဲထားသည့်အချက်များကို အရှင့်ထံသို့တင်ပြရန် ညွှန်ကြားထားပါ၏။
ငါးရက်ကြာသောအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် ရှေ့နေတေရတုလုအပါအဝင် အကြီးအကဲတချို့နှင့်အတူ ရောက်လာ၍ ဘုရင်ခံထံ ပေါလုကို တရားစွဲဆိုကြ၏။
ဘုရင်ခံသည် ပေါလုကို ပြောဆိုရန် အချက်ပြသောအခါ ပေါလုက “အရှင်သည် ဤနိုင်ငံအပေါ်၌ နှစ်ပေါင်းကြာမြင့်စွာ စီရင်ဆုံးဖြတ်ပေးသူ ဖြစ်ကြောင်းသိရ၍ အကျွန်ုပ်အမှုကို ဝမ်းမြောက်စွာချေပပြောဆိုပါမည်။
သို့ရာတွင် အာရှပြည်မှ ဂျူးလူမျိုးတချို့ရှိကြပါ၏။ သူတို့သည် အကျွန်ုပ်အပေါ်၌ စွပ်စွဲပြောဆိုစရာရှိပါက ဤနေရာ၌လာရောက်၍ အရှင့်ရှေ့၌ စွပ်စွဲသင့်ပါ၏။
သို့သော် ခရစ်တော်၏တရားလမ်းကို ကောင်းစွာသိရှိထားသောကြောင့် ဖေလဇ်မင်းက “သင်တို့အမှုကို တပ်မှူးကြီးလုသိရောက်လာသောအခါ ငါစစ်ဆေးဆုံးဖြတ်မည်” ဟု ဆိုကာ ထိုအမှုကို ရွှေ့ဆိုင်းလေ၏။
ထို့နောက် သူသည် တပ်မှူးအား ပေါလုကိုစောင့်ကြပ်ထားရန်နှင့် အနည်းငယ်လွတ်လပ်ခွင့်ပေး၍ သူ၏မိတ်ဆွေများမှ သူ့အားလာရောက်ပြုစုသည်ကို တားမြစ်ခြင်းမပြုရန် အမိန့်ပေးလေ၏။
ရောမဥပဒေတွင် စွပ်စွဲခံရသောလူတစ်ဦးအနေဖြင့် စွပ်စွဲသူနှင့် မျက်နှာချင်းဆိုင်၍ ထိုစွပ်စွဲချက်ကို ခုခံပြောဆိုခွင့်မရမီ သူ့အားပြစ်ဒဏ်ပေး၍ မရပါဟု အကျွန်ုပ်ဖြေကြားခဲ့ပါ၏။