ထိုအချိန်၌ လူအစုအဝေးတို့သည် ရှုပ်ထွေးကြကုန်၍ တစ်ယောက်တစ်မျိုး ဟစ်အော်လျက်နေကြ၏။ လူအများစုသည် မည်သည့်အကြောင်းကြောင့် မိမိတို့အတူတကွစုဝေးနေသည်ကိုပင် မသိကြ။
တမန်တော်ဝတ္ထု 21:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည်အဖြစ်မှန်ကို မသိနိုင်ပေ။ ထို့ကြောင့် ပေါလုကို တပ်စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ Common Language Bible လူပရိသတ်တို့ကသူတစ်မျိုးငါတစ်ဖုံဟစ် အော်ပြောဆိုကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည်အဖြစ်မှန်ကိုမသိနိုင်ရကား ပေါလုကိုတပ်စခန်းရဲတိုက်ထဲသို့ခေါ် ဆောင်သွားရန်အမိန့်ပေးလေ၏။- Garrad Bible လူ စု ထဲ မှ အ ချို့ က တစ် နည်း၊ အ ချို့ က တစ် မျိုး၊ အော် ဟစ် ဆူ ညံ လျက် ရှိ သော ကြောင့် တပ် ရာ မ သိ နိုင် သည့် အ တွက် ပေါ လု ကို ခံ မြို့ တွင်း သို့ သွင်း ထား စေ ရန် အ မိန့် ရှိ ၏။ Judson Bible လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှာ စီရင်ပြန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်ဟစ်နေကြ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည် အဖြစ်မှန်ကိုမသိနိုင်သဖြင့် ပေါလုကို စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ |
ထိုအချိန်၌ လူအစုအဝေးတို့သည် ရှုပ်ထွေးကြကုန်၍ တစ်ယောက်တစ်မျိုး ဟစ်အော်လျက်နေကြ၏။ လူအများစုသည် မည်သည့်အကြောင်းကြောင့် မိမိတို့အတူတကွစုဝေးနေသည်ကိုပင် မသိကြ။
ပေါလုသည်မိမိကို တပ်စခန်းသို့ခေါ်ဆောင်သွားခါနီးတွင် တပ်မှူးကြီးအား “သင်နှင့်ကျွန်ုပ် စကားအနည်းငယ်ပြောပါရစေ” ဟု ခွင့်ပန်၏။ တပ်မှူးကြီးက “သင်သည်ဂရိစကား ပြောတတ်သလော။
ထိုအခါ တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ သူက “လူထုသည် အဘယ်ကြောင့် ထိုသို့ဆန့်ကျင်လျက် အော်ဟစ်ကြသည်ကို သိရှိနိုင်ရန် သူ့ကို ကျာပွတ်နှင့် ရိုက်၍ စစ်ဆေးလော့” ဟု ညွှန်ကြားလေ၏။
တပ်မှူးကြီးက ပေါလုသည် အဘယ်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရသည်ကို အတိအကျသိလို၏။ ထို့ကြောင့် နောက်တစ်နေ့တွင် ပေါလုကို အချည်အနှောင်မှ ဖြေပေး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်အဖွဲ့ဝင်တို့ကို စည်းဝေးရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလုကို ခေါ်ဆောင်လာ၍ ထိုသူတို့ရှေ့၌ ထားလေ၏။
ငြင်းခုံမှုပို၍ပြင်းထန်လာသဖြင့် တပ်မှူးကြီးက ပေါလုအပိုင်းပိုင်းဆွဲဖြတ်ခံရမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူက “ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာ၍ စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများအား အမိန့်ပေးလေ၏။
သို့သော်လည်း ပေါလု၏တူသည် ထိုသူတို့ချောင်းမြောင်းတိုက်ခိုက်မည့်အကြောင်းကို ကြားသဖြင့် စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။
နောက်တစ်နေ့တွင် စစ်သားတို့သည် ပေါလုကိုမြင်းစီးတပ်သားတို့နှင့်အတူ ခရီးဆက်သွားစေ၍ သူတို့သည်စခန်းသို့ ပြန်ကြ၏။
သို့သော်လည်း သူနှင့်ပတ်သက်သောအစီရင်ခံစာကို ဆီဇာဘုရင်ထံ ရေးရန် အကျွန်ုပ်၌ တိကျသောအကြောင်းအရာတစ်ခုမျှမရှိပါ။ ထို့ကြောင့် ဤစစ်ဆေးမှုပြီးဆုံးသောအခါ အကျွန်ုပ်သည် အစီရင်ခံစရာ အကြောင်းတစ်စုံတစ်ခု ရေးနိုင်ရန် သူ့ကို သင်တို့အားလုံးရှေ့၊ အထူးသဖြင့် အဂြိပ္ပမင်းကြီးရှေ့သို့ အကျွန်ုပ်ခေါ်ထုတ်ပါ၏။