Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 19:32 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ထို​အချိန်​၌ လူ​အစုအဝေးတို့​သည် ရှုပ်ထွေးကြကုန်​၍ တစ်ယောက်​တစ်မျိုး ဟစ်အော်​လျက်​နေကြ၏။ လူ​အများစု​သည် မည်သည့်​အကြောင်း​ကြောင့် မိမိတို့​အတူတကွ​စုဝေးနေသည်​ကိုပင် မသိကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 ဤ​အ​တော​အ​တွင်း​၌​လူ​တို့​သည် အ​မျိုး​မျိုး ဟစ်​အော်​ကြ​လျက်​အုတ်​အုတ်​သဲ​သဲ​ဖြစ်​၍ နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ထို အ စည်း အ ဝေး တွင် အ များ တို့ သည် မည် သည့် အ ကြောင်း နှင့် စု ရုံး ကြ သည် ကို မ သိ ဘဲ အုတ် အုတ် သဲ သဲ ဖြစ် လျက် အ ချို့ က တစ် မျိုး၊ အ ချို့ က တစ် နည်း အော် ဟစ် ကြ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 စု​ဝေး​သော​လူ​တို့​သည် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ တစ်​ယောက်​တ​ခြား​စီ အော်​ဟစ်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် မိ​မိ​တို့​စု​ဝေး​ရ​သည် အ​ကြောင်း​ကို​ပင် မိ​မိ​တို့​မ​သိ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 လူ​အစုအဝေး​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​၍ တစ်ယောက်တစ်မျိုးစီ​အော်ဟစ်​နေ​ကြ​၏။ လူ​အများစု​သည် မိမိ​တို့​အဘယ်ကြောင့်​စုဝေး​လာ​ကြ​သည်​ကို​ပင် မ​သိ​ကြ​ချေ ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 19:32
6 ပူးပေါင်းရင်းမြစ်များ  

တစ်မြို့လုံး​ဝရုန်းသုန်းကား​ဖြစ်​လျက် လူတို့​သည် ပေါလု​၏​ခရီးသွားဖော်များ​ဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယု​နှင့် အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး​လျှင် ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်သွားကြ၏။


ပေါလု​၏​မိတ်ဆွေများ ဖြစ်ကြသော အာရှပြည်​၏​အရာရှိ​တချို့​ကလည်း ထို​ဇာတ်ရုံ​ထဲသို့ စွန့်စား​၍ မဝင်​ရန် တောင်းပန်ကြ၏။


ယနေ့​ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်​ပြုခြင်း​အမှုကြောင့် ကျွန်ုပ်တို့​သည် စွပ်စွဲခံရမည်​ကို စိုးရိမ်စရာ​ရှိ၏။ ခိုင်လုံသော​အကြောင်းပြချက် တစ်စုံတစ်ရာ​မျှ မရှိ​သောကြောင့် ဤသို့​ဆူပူအုံကြွခြင်း​အမှု​အတွက်​လည်း ဖြေရှင်းချက် ပေးနိုင်မည်​မဟုတ်ပါ” ဟု ပြောဆိုလေ၏။


သို့ရာတွင် လူထုပရိသတ်​ထဲမှ တစ်ယောက်​တစ်မျိုး​အော်​၍ ရုန်းရင်းဆန်ခတ်​ဖြစ်နေ​သောကြောင့် တပ်မှူး​သည်​အဖြစ်မှန်​ကို မသိနိုင်ပေ။ ထို့ကြောင့် ပေါလု​ကို တပ်စခန်း​ထဲ​သို့​ခေါ်ဆောင်သွား​ရန် အမိန့်ပေးလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ