ထိုသို့ မစောင့်ပါက သူသည် ရုတ်တရက်ရောက်လာသောအခါ သင်တို့အိပ်ပျော်နေသည်ကို တွေ့လိမ့်မည်။
တမန်တော်ဝတ္ထု 20:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥတုခုဟု ခေါ်သော လူငယ်တစ်ယောက်သည် ပေါလုကြာရှည်စွာဟောပြောနေစဉ် ပြတင်းပေါက်ပေါ်တွင်ထိုင်ကာ အလွန်အိပ်ငိုက်လျက်နေ၏။ ထိုသူသည် အိပ်ပျော်သွားကာ သုံးလွှာအထပ်မှ အောက်သို့ ပြုတ်ကျသဖြင့် သူ့အား ပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို သိကြ၏။ Common Language Bible ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။- Garrad Bible လေ သာ ပေါက် တွင် ထိုင်၍ များ စွာ ငိုက် မျည်း သော ဥ တု ခု ဆို သူ လူ ငယ် တစ် ယောက် သည် ပေါ လု အ ကျယ် ဟော ပြော ရာ တွင် အိပ် ကြူး သ ဖြင့် တ တိ ယ ဆင့် မှ ကျ၍ အ လောင်း ကို ချီ ယူ ကြ ၏။ Judson Bible ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည် ချီကြွကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။ |
ထိုသို့ မစောင့်ပါက သူသည် ရုတ်တရက်ရောက်လာသောအခါ သင်တို့အိပ်ပျော်နေသည်ကို တွေ့လိမ့်မည်။
ထိုအခါ နတ်ဆိုးသည် ကျယ်လောင်စွာ အော်ဟစ်၍ သူငယ်ကို ပြင်းစွာ တက်စေပြီးလျှင် ထွက်သွား၏။ ထိုအခါ သူငယ်သည် သေသကဲ့သို့ဖြစ်သွား၏။ ထို့ကြောင့် လူတို့က “သူငယ်သေပြီ” ဟု ပြောဆိုကြ၏။
သို့သော် အန္တိအုတ်မြို့နှင့် ဣကောနိမြို့မှ ဂျူးများရောက်လာ၍ လူထုကို သိမ်းသွင်းပြီးလျှင် ပေါလုအား ကျောက်ခဲနှင့်ပေါက်ကာ သေပြီအထင်ဖြင့် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
ထိုအခါ ပေါလုသည် အောက်သို့ဆင်း၍ သူ၏ကိုယ်ပေါ်၌ကိုင်းညွတ်လျက် လက်နှင့်ချီမကာ “မစိုးရိမ်ကြနှင့်။ ဤလူငယ် အသက်ရှိသေး၏” ဟု ပြော၏။
ရက်သတ္တပတ်၏ပထမနေ့ရက်၌ ကျွန်ုပ်တို့သည် မုန့်ကိုချိုးဖဲ့ရန် အတူတကွစုဝေးကြ၏။ ပေါလုသည် နောက်တစ်ရက်တွင် ထိုမြို့မှ ထွက်ခွာရန် ရည်ရွယ်ထားသောကြောင့် ညသန်းခေါင်အချိန်ထိ တရားတော်ကို ဟောပြောလျက်နေ၏။