မြို့ဝန်မင်းသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ သခင်ဘုရား၏တရားတော်ကို အံ့ဩမိန်းမော၍ ယုံကြည်သက်ဝင်လေ၏။
တမန်တော်ဝတ္ထု 19:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒေမေတရိနှင့် အပေါင်းပါပန်းထိမ်လုပ်သားတို့သည် တစ်စုံတစ်ယောက်ကို တရားစွဲဆိုရန် ရှိလျှင် သူတို့ကို စွဲချက်တင်ရန် တရားရုံးများနှင့် မြို့ဝန်မင်းများသည် အသင့်ရှိကြပါ၏။ သူတို့အား ရုံးတော်တွင်သာ တရားဥပဒေအတိုင်း ဆောင်ရွက်စေလော့။ Common Language Bible သို့ဖြစ်၍ဒေမေတရိနှင့်အပေါင်းပါလက်မှု ပညာသည်များသည် လူတစ်စုံတစ်ယောက်အား တရားစွဲဆိုလိုလျှင် တရားရုံးဖွင့်ရက်များ နှင့်အာဏာပိုင်များရှိသဖြင့် ရုံးတော်တွင် တရားစွဲဆိုနိုင်ပါ၏။- Garrad Bible ဒေ မေ တြိ နှင့် အ ပေါင်း ပါ ပ ညာ သည် တို့ သည် တစ် စုံ တစ် ယောက် အ ပေါ် တွင် အ မှု ရှိ လျှင် လွှတ် ရုံး များ၊ ဝန် ကြီး များ ရှိ၏။ တစ် ယောက် ကို တစ် ယောက် စွဲ ဆို ကြ စေ။ Judson Bible ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစ်စုံတစ်ယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်း ရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဒေမေတရိမှစ၍ သူနှင့်အတူရှိသောပန်းထိမ်သမားတို့သည် တစ်စုံတစ်ဦးကို တရားစွဲဆိုရန်ရှိလျှင် တရားရုံးများဖွင့်ထားပြီး အုပ်ချုပ်ရေးမှူးများလည်း ရှိကြသည်ဖြစ်၍ အမှုသည်ချင်း တရားတွေ့ကြပါစေ။ |
မြို့ဝန်မင်းသည် ထိုအဖြစ်အပျက်ကို မြင်သောအခါ သခင်ဘုရား၏တရားတော်ကို အံ့ဩမိန်းမော၍ ယုံကြည်သက်ဝင်လေ၏။
ထိုသူသည် ဉာဏ်ရည်ထက်မြက်သောမြို့ဝန်မင်း သေရဂိပေါလု၏မိတ်ဆွေဖြစ်၏။ ထိုမြို့ဝန်မင်းသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာလို၍ ဗာနဗနှင့်ရှောလုကို ဖိတ်ခေါ်လေ၏။
သို့ရာတွင် မှော်ဆရာဟု အဓိပ္ပာယ်ရသောဧလုမအမည်ရှိသည့် ထိုသူသည် ဗာနဗနှင့်ရှောလုတို့ကို ဆန့်ကျင်၍ ထိုမြို့ဝန်မင်းကို ယုံကြည်ခြင်းမှလမ်းလွှဲစေရန် ကြိုးပမ်းလေ၏။
ပေါလုပြန်လည်ချေပပြောဆိုမည် အပြုတွင် ဂါလျန်မင်းက “အို ဂျူးလူမျိုးတို့… ဤကိစ္စသည် ပြစ်မှုကျူးလွန်ခြင်းအမှု သို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်ခုဖြစ်ခဲ့လျှင် ငါသည် ဤအမှုကို လက်ခံရန်အကြောင်းရှိ၏။
ဒေမေတရိဟု ခေါ်သော ငွေပန်းထိမ်ဆရာတစ်ယောက်သည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်များကို ထုလုပ်၍ ပန်းထိမ်လုပ်သားများအတွက် များစွာစီးပွားဖြစ်ထွန်းစေသောသူ ဖြစ်၏။
သို့ရာတွင် သင်တို့၌ အခြားအမှုကိစ္စများ တောင်းဆိုရန် ရှိပါကလည်း တရားဝင်အစည်းအဝေးများ၌ ဆောင်ရွက်ပါလိမ့်မည်။
သင်တို့သည် အချင်းချင်း အငြင်းပွားမှုဖြစ်သောအခါ ယုံကြည်သောသူတို့ထံ သွား၍ သူတို့၏ စီရင်ဆုံးဖြတ်ခြင်းကိုခံမည့်အစား မဖြောင့်မတ်သောသူတို့၏ စီရင်ဆုံးဖြတ်ခြင်းကို ခံဝံ့သလော။