၁ ကော 6:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 သင်တို့သည် အချင်းချင်း အငြင်းပွားမှုဖြစ်သောအခါ ယုံကြည်သောသူတို့ထံ သွား၍ သူတို့၏ စီရင်ဆုံးဖြတ်ခြင်းကိုခံမည့်အစား မဖြောင့်မတ်သောသူတို့၏ စီရင်ဆုံးဖြတ်ခြင်းကို ခံဝံ့သလော။ အခန်းကိုကြည့်ပါ။Common Language Bible1 သင်တို့အချင်းချင်းအမှုဖြစ်ပွားလျှင် ဘုရား သခင်လူစုတော်၏စီရင်ဆုံးဖြတ်ခြင်းကိုခံ မည့်အစား အဘယ်ကြောင့်ဘုရားမရှိသည့် တရားသူကြီးများထံသို့သွားကြပါ သနည်း။- အခန်းကိုကြည့်ပါ။Garrad Bible1 သင် တို့ အ နက် တစ် ဦး သည် တစ် ဦး အ ပေါ် တွင် အ မှု ရှိ လျင် တ ပည့် တော် တို့ ရှေ့ မ ဟုတ်။ မ တ ရား သူ တို့ ရှေ့ မည် သို့ တ ရား တွေ့ ဝံ့ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible1 သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကို မခံဘဲ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစ်စုံတစ်ယောက်ရှိသလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သင်တို့ထဲမှတစ်စုံတစ်ဦးသည် အခြားသူနှင့် အမှုဖြစ်ပွားသောအခါ သန့်ရှင်းသူတို့ရှေ့၌ စီရင်ခြင်းမခံဘဲ မဖြောင့်မတ်သောသူတို့ရှေ့၌ စီရင်ခြင်းခံဝံ့သလော။ အခန်းကိုကြည့်ပါ။ |
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။