ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
တမန်တော်ဝတ္ထု 17:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူသည် ဂျူးဝတ်ပြုဆောင်တွင်ရှိသော ဂျူးလူမျိုးများမှစ၍ ဘုရားသခင်ကိုကိုးကွယ်သော လူမျိုးခြားများနှင့် ဆွေးနွေး၏။ ထို့ပြင် ဈေးအရပ်တွင် နေ့တိုင်းရှိနေကြသောလူတို့နှင့်လည်း နေ့စဉ်ဆွေးနွေးလေ၏။ Common Language Bible ထို့ကြောင့်တရားဇရပ်တွင်ယုဒအမျိုးသား များ၊ ဘုရားသခင်ကိုကိုးကွယ်သူများနှင့် လည်းကောင်း၊ နေ့စဉ်နေ့တိုင်းမြို့တွင်းမြေကွက် လပ်သို့လာရောက်ကြသူများနှင့်လည်းကောင်း တရားဆွေးနွေး၏။- Garrad Bible ဓ မ္မာ ရုံ တွင် ယု ဒ လူ မျိုး တို့ မှ စ၍ ဘု ရား တ ရား ကြည် ညို သူ တို့ နှင့် လည်း ကောင်း၊ ရုံး တန်း လျား တွင် နေ့ စဉ် တွေ့ ကြုံ သ မျှ သော သူ တို့ နှင့်လည်း ကောင်း ဆွေး နွေး ရာ၊ Judson Bible ထိုကြောင့် တရားဇရပ်၌ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော သူတို့နှင့်လည်းကောင်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်လည်းကောင်း ဆွေးနွေးနှီးနှောခြင်းကို ပြု၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် ဝတ်ပြုစည်းဝေးကျောင်းတွင် ဂျူးလူမျိုးမှစ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့နှင့် ဆွေးနွေးပြောဆိုလျက် ဈေးအရပ်တွင်လည်း ထိုအရပ်၌ရှိသောသူတို့နှင့် နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆို၏။ |
ထို့နောက် ယေရှုက “ကမ္ဘာအရပ်ရပ်သို့ သင်တို့သွား၍ လူအပေါင်းတို့ကို သတင်းကောင်း ဟောပြောကြလော့။
ထို့ကြောင့် အမှောင်၌ သင်တို့ပြောသမျှတို့ကို အလင်းတွင် ကြားရလိမ့်မည်။ သင်တို့အိမ်တွင်းတံခါးပိတ်၍ တီးတိုးပြောသမျှကို လသာဆောင်ပေါ်မှ ကြေညာကြလိမ့်မည်။
သူနှင့်တကွ မိသားစုဝင်များသည် ဘုရားသခင်အား ကြောက်ရွံ့၍ ဘုရားတရားကိုင်းရှိုင်းသူလည်းဖြစ်၏။ တစ်ပါးသူတို့အား အလှူအတန်းရက်ရောပြီး ဘုရားသခင်ထံ စဉ်ဆက်မပြတ်ဆုတောင်းသောသူလည်း ဖြစ်၏။
ထိုအခါ ပေါလုသည် ထ၍ လက်ရိပ်ပြပြီးလျှင် “အစ္စရေးလူမျိုးတို့မှစ၍ ဘုရားသခင်ကိုကိုးကွယ်ကြသောလူမျိုးခြားတို့… နားထောင်ကြလော့။
ဂျူးဝတ်ပြုဆောင်မှ အစည်းအဝေးရုပ်သိမ်းသောအခါ ဂျူးအများအပြားနှင့် ဘုရားသခင်ကိုကိုးကွယ်သောဂျူးဘာသာဝင်ဖြစ်လာသူတို့သည် ပေါလုနှင့်ဗာနဗနောက်သို့ လိုက်ကြ၏။ သူတို့နှစ်ဦးသည်လည်း ထိုသူတို့အား ဘုရားသခင်၏ကျေးဇူးတော်ကို အမှီပြု၍ ဆက်လက်ရှင်သန်ရန် ပြောဆိုတိုက်တွန်းကြ၏။
သို့သော် ဂျူးတို့သည် ဘုရားတရားကိုင်းရှိုင်းသော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၌အရေးပါသောအမျိုးသားများအား လှုံ့ဆော်ကာ ပေါလုနှင့် ဗာနဗကို ဆန့်ကျင်၍ ညှဉ်းပန်းနှိပ်စက်စေပြီး သူတို့ကို မိမိတို့၏နယ်များမှ နှင်ထုတ်ကြ၏။
ဘုရားတရားကိုင်းရှိုင်းသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ အလွန်ငိုကြွေးတမ်းတကြ၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊
ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။