ဥပုသ်နေ့တွင် ကျွန်ုပ်တို့သည် မြို့တံခါးအပြင်သို့ ထွက်၍ ဆုတောင်းရန် နေရာရှိနိုင်မည့် မြစ်ကမ်းနားသို့ သွားကြ၏။ ထို့နောက် ကျွန်ုပ်တို့သည် ထိုင်၍ ထိုနေရာတွင် စုဝေးနေကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
တမန်တော်ဝတ္ထု 16:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့တွင် ကျွန်ုပ်တို့သည် ဆုတောင်းရာအရပ်သို့ သွားနေစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံအမျိုးသမီးတစ်ဦးကို တွေ့ကြ၏။ ထိုသူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် ဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိ၏။ Common Language Bible တစ်နေ့သ၌ကျွန်ုပ်တို့သည်ဆုတောင်းပတ္ထနာ ပြုရာအရပ်သို့သွားကြစဉ် ဗေဒင်ဟောနိုင် သောနတ်မိစ္ဆာပူးဝင်နေသူ၊ ငွေဝယ်ကျွန်မိန်းမ ငယ်တစ်ယောက်နှင့်တွေ့ဆုံ၏။ သူသည်ဤသို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိ၏သခင်ဖြစ် သူတို့အားကြေးငွေအမြောက်အမြား ရရှိစေ၏။- Garrad Bible ဆို ခဲ့ သော ပ ဌ နာ ဇ ရပ် သို့ ငါ တို့ သွား ကြ စဉ် မှော် ဟော၍ သ ခင် ဖြစ် သူ တို့ အား စီး ပွား များ စွာ ဖြစ် ထွန်း စေ သော န ဂါး နတ် ထိန်း မိန်း မ ငယ် တစ် ယောက် သည် ငါ တို့ နှင့်တွေ့ လျှင်၊ Judson Bible ထိုနောက်မှ ငါတို့သည် ပတ္ထနာဇရပ်သို့ သွားစဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ်တစ်ယောက်သည် ငါတို့ကိုဆီးကြိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။ |
ဥပုသ်နေ့တွင် ကျွန်ုပ်တို့သည် မြို့တံခါးအပြင်သို့ ထွက်၍ ဆုတောင်းရန် နေရာရှိနိုင်မည့် မြစ်ကမ်းနားသို့ သွားကြ၏။ ထို့နောက် ကျွန်ုပ်တို့သည် ထိုင်၍ ထိုနေရာတွင် စုဝေးနေကြသောအမျိုးသမီးတို့အား ဟောပြောကြ၏။
ရက်ပေါင်းများစွာ ထိုကဲ့သို့အော်ဟစ်လျက်နေသဖြင့် ပေါလုသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်လေ၏။ သို့ဖြစ်၍ နောက်သို့လှည့်ကာ “သူ့အထဲမှထွက်သွားလော့။ ယေရှုခရစ်တော်၏အမည်နာမအားဖြင့် သင့်အား ငါအမိန့်ပေးသည်” ဟု ဆိုသော် နတ်ဆိုးသည် ထိုအချိန်၌ပင် ထွက်သွား၏။
သို့သော် သူ၏သခင်တို့သည် မိမိတို့ဝင်ငွေရရန် မျှော်လင့်စရာမရှိတော့သည်ကို သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကို ဖမ်းဆီး၍ ရုံးတော်ရှိ အာဏာပိုင်များထံသို့ ဆွဲခေါ်သွားကြ၏။
ဒေမေတရိဟု ခေါ်သော ငွေပန်းထိမ်ဆရာတစ်ယောက်သည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်များကို ထုလုပ်၍ ပန်းထိမ်လုပ်သားများအတွက် များစွာစီးပွားဖြစ်ထွန်းစေသောသူ ဖြစ်၏။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
ငွေကို တပ်မက်ခြင်းသည် မကောင်းမှုအမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ လူတချို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားကို စွန့်ကာ အလွန်ဝမ်းနည်းပူဆွေးခြင်းကို နာကျင်စွာ ခံစားကြရ၏။
ယန္နေနှင့် ယံဗြေတို့သည် မောရှေကို ဆန့်ကျင်သကဲ့သို့ ထိုသူတို့သည်လည်း သမ္မာတရားကို ဆန့်ကျင်ကြ၏။ သူတို့သည် စိတ်ဓာတ်ပျက်ပြား၍ ယုံကြည်ယောင်ဆောင်သူများဖြစ်ကြ၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။