Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 16:16 - Garrad Bible

16 ဆို ခဲ့ သော ပ ဌ နာ ဇ ရပ် သို့ ငါ တို့ သွား ကြ စဉ် မှော် ဟော၍ သ ခင် ဖြစ် သူ တို့ အား စီး ပွား များ စွာ ဖြစ် ထွန်း စေ သော န ဂါး နတ် ထိန်း မိန်း မ ငယ် တစ် ယောက် သည် ငါ တို့ နှင့်​တွေ့ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 တစ်​နေ့​သ​၌​ကျွန်ုပ်​တို့​သည်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​အ​ရပ်​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​နိုင် သော​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ၊ ငွေ​ဝယ်​ကျွန်​မိန်း​မ ငယ်​တစ်​ယောက်​နှင့်​တွေ့​ဆုံ​၏။ သူ​သည်​ဤ​သို့ ဗေ​ဒင်​ဟော​ပြော​ခြင်း​ဖြင့် မိ​မိ​၏​သ​ခင်​ဖြစ် သူ​တို့​အား​ကြေး​ငွေ​အ​မြောက်​အ​မြား ရ​ရှိ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 တစ်နေ့​တွင် ကျွန်ုပ်တို့​သည် ဆုတောင်းရာ​အရပ်​သို့ သွား​နေစဉ် ဗေဒင်ဟောတတ်သော​နတ်ပူးနေသည့် အစေခံ​အမျိုးသမီး​တစ်ဦး​ကို တွေ့ကြ၏။ ထို​သူ​သည် ဗေဒင်ဟောခြင်း​ဖြင့် မိမိ​သခင်တို့​အတွက် ဝင်ငွေ​များစွာ ရှာဖွေပေး​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 16:16
21 ပူးပေါင်းရင်းမြစ်များ  

သား တော် ကို မီး ဖြင့် ဆက် ကပ်၍ ဗေ ဒင် အ တတ် နှင့် ဇော် ဂ နီ အ တတ် ကို လေ့ လာ လျက် က ဝေ နှင့် မှော် ဝင် တို့ ကို ချီး မြှင့် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် အ မျက် တော် တိုက် ဆိုး သွမ်း မှု ကို များ စွာ ပြု လေ၏။


ထို သို့ ရှော လု မင်း သည် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို မ နာ မ ယူ ဘဲ ထာ ဝ ရ ဘု ရား၏ သ စ္စာ တော် ကို ဖောက် ကျော် သော ကြောင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား ထံ မ မေး မ လျှောက်၊ က ဝေ မ ထံ မေး မြန်း သော ကြောင့် လည်း ကောင်း ကွယ် လွန် ရ၏။ ထာ ဝ ရ ဘု ရား ထို မင်း ကို ကွပ် မျက်၍ နိုင် ငံ တော် ကို ယေ ရှဲ သား၊ ဒါ ဝိဒ် သို့ လွှဲ အပ် တော် မူ၏။


လေ သံ နှင့် ရွတ် တတ် သော က ဝေ နှင့် မှော် ဆ ရာ တို့ ထံ မေး မြန်း ကြ လော့။ လူ မျိုး တိုင်း ကိုယ့် နတ် များ ထံ မေး မြန်း ခြင်း၊ ရှင် သူ တို့ အ တွက် သေ သူ တို့ ထံ မေး မြန်း ခြင်း မ ပြု အပ် သ လော ဟု၊ သင် တို့ အား တိုက် တွန်း ကြ ပါ က၊


က ဝေ နှင့် မှော် ဆ ရာ များ သို့ မ လွှဲ နှင့်။ ညစ် ညူး ရာ မ ရောက် ရန် သူ တို့ ကို မ လိုက် မ ရှာ ကြ ရ။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။


ယောက်ျား ဖြစ် စေ၊ မိန်း မ ဖြစ် စေ၊ က ဝေ မှော် ဆ ရာ ပါ လျှင် ခဲ ပစ် သတ် ဒဏ် ခံ ကြ စေ။ ချင်း တို့ အ သွေး သည် ချင်း တို့ အ ပေါ်၌ တည် ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။


အ ကြင် သူ သည် က ဝေ၊ မှော် ဆ ရာ တို့ သို့ လွှဲ၍ လိုက်​ လျှောက် မှား ယွင်း အံ့။ ထို သူ့ ကို ငါ မျက် နှာ ထား လျက် အ မျိုး ဘောင် မှ ပယ် ရှား လိမ့် မည်။


ဥ ပုသ် နေ့ ကျ ရောက် သော် မြို့ တံ ခါး ပြင် မြစ် ကမ်း အ နီး ငါ တို့ အ မှတ် ပြု ခဲ့ သော ပ ဌ နာ ဇ ရပ် သို့ သွား ရောက် ထိုင် နေ စဉ် စု ရုံး လာ ကြ သော မိန်း မ တို့ အား ဟော ပြော ကြ ရာ၊


ထို သို့ နေ့ ရက် များ စွာ ပြု ရာ ပေါ လု သည် မ နှစ် သက်၍ လှည့် ပြီး လျှင် ထို သူ မှ ထွက် လော့၊ ယေ ရှု ခ ရစ်၏ နာ မ တော်၌ ငါ အ မိန့် ရှိ သည် ဟု နတ် အား ဆို လျှင် ဆို ချင်း ထွက် ခွာ လေ၏။


ထို မိန်း မ ငယ်၏ သ ခင် တို့ မူ ကား မျှော် လင့် ရာ စီး ပွား ပျက် ကြောင်း သိ မြင် သော် ပေါ လု နှင့် သိ လ ကို ဖမ်း ဆီး ပြီး လျှင် ရုံး ထိုင် အ ရာ ရှိ တို့ ရှေ့ ဆွဲ ငင်၍ မြို့ ဝန် တို့ ထံ သွင်း သော်၊


အာ တေ မိ၏ ငွေ နတ် စင် များ ကို လုပ်၍ ပ ညာ သည် ချင်း တို့ အား လက် ခ များ စွာ ရ စေ သူ ဒေ​ မေ တြိ ခေါ် ငွေ ပန်း တိမ် ဆ ရာ သည်၊


ရုပ် ပွား ကိုး ကွယ် ခြင်း၊ နတ် ဟော ခြင်း၊ ရန် ညိုး ဖွဲ့ ခြင်း၊ ခိုက် ရန် ဖြစ် ခြင်း၊ ပြိုင် ဆိုင် ခြင်း၊ အ မျက် ထွက် ခြင်း၊ ဖီ ဆန် ခြင်း၊ အ ယူ ခြား နား ခြင်း၊ ဂိုဏ်း ကွဲ ခြင်း၊ ငြူ စူ ခြင်း၊


ငွေ ကို တပ် မက် ခြင်း သည် အ ဆိုး အ မျိုး မျိုး၏ အ မြစ် မူ လ ဖြစ် သည့် အ လျောက် အ ချို့ သည် လိုက် စား သ ဖြင့် ယုံ ကြည် ခြင်း တ ရား လမ်း မှ လွှဲ သွား၍ များ ပြား စွာ သော က နှင့် ကိုယ် ကို ထုတ် ချင်း ခွင်း ကြ ပြီ။


မော ရှေ ကို ယ န္နေ နှင့် ယန် ဗြေ တို့ ခု ခံ ခဲ့ သည့် နည်း တူ သ မ္မာ တ ရား တော် ကို ခံ ခု လျက် သ ဘော ဖောက် ပြန် သူ၊ ယုံ ကြည် ခြင်း တ ရား နှင့် စပ်၍ စံ တော် မ မီ သူ များ ဖြစ် ကြ၏။


လော ဘ အ လျောက် သင် တို့ ကို လှည့် ဖြား သော စ ကား များ နှင့် ကုန် သွယ် ကြ သော ထို သူ တို့ အ ပေါ် တွင် ရှေး ဟောင်း စီ ရင် ဒဏ် မ နှောင့် နှေး။ ပျက် စီး ခြင်း ဘေး သည် ဆိုင်း လင့် သည် မ ဟုတ်။


ရှ မွေ လ ကွယ် လွန် ခဲ့ ရာ ဣ သ ရေ လ တစ် မျိုး လုံး ငို ကြွေး မြည် တမ်း မှု ကို ပြု ပြီး လျှင် ချက် သို ရာ ရာ မ မြို့ တွင် သင်္ဂြိုဟ် ခဲ့ ပြီ။ က ဝေ နှင့် မှော် ဝင် တို့ ကို လည်း ပြည် နယ် အ တွင်း ရှော လု မင်း သုတ် သင် ပြီး ဖြစ် သ တည်း။


သို့ ဖြစ်၍ ရှော လု မင်း က၊ ငါ သွား ရောက် မေး မြန်း နိုင် သော က ဝေ မ တစ် ယောက် ကို ရှာ ကြ လော့ ဟု ကျွန် ရင်း တို့ အား မိန့် ဆို သော အ ခါ အ ဒေါ ရ မြို့ တွင် က ဝေ မ တစ် ယောက် ရှိ ပါ သည် ဟု တင် လျှောက် ကြ သည့် အ တိုင်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ