တမန်တော်ဝတ္ထု 15:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူတချို့ကိုရွေးချယ်၍ ကျွန်ုပ်တို့ချစ်ခင်ရသောပေါလု၊ ဗာနဗတို့နှင့်အတူ သင်တို့ထံလွှတ်လိုက်ရန် စိတ်သဘောညီညွတ်စွာ ဆုံးဖြတ်ကြပါ၏။ Common Language Bible သို့ဖြစ်၍ကျွန်ုပ်တို့သည်အစည်းအဝေးပြု လုပ်၍လူအချို့ကိုရွေးချယ်လျက် သင်တို့ထံ သို့စေလွှတ်ရန်အားလုံးသဘောတူဆုံးဖြတ် ကြပါသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ချစ်ခင် သူဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်သွား ကြပါလိမ့်မည်။- Garrad Bible ငါ တို့ ကြား သိ ရ သ ဖြင့် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် အ တွက် အ သက် စွန့် စား သူ ငါ တို့ ချစ် လှ သော ဗာ န ဗ နှင့် ပေါ လု တို့ ကို ရွေး ကောက် သူ တို့ ပါ သင် တို့ ထံ စေ လွှတ် သင့် ကြောင်း တ ညီ တ ညွတ် တည်း သ ဘော တူ ကြ သည့် အ လျောက်၊ Judson Bible ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိအသက်ကို စွန့်စားသောသူတည်းဟူသော၊- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အတွက် မိမိတို့အသက်ကိုဆက်ကပ်ထားသူများဖြစ်ကြသည့် ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်အတူ လူတို့ကိုရွေးကောက်ပြီး သင်တို့ထံသို့ စေလွှတ်ရန် ငါတို့အားလုံး သဘောတူဆုံးဖြတ်ကြသည်နှင့်အညီ |
ကျွန်ုပ်သည် ထိုအကြောင်းအရာအားလုံးကို အစမှ သေချာစွာ စစ်ဆေးပြီးသည်နှင့် သင့်အတွက် စီစဉ်တကျရေးသားလျှင် ကောင်းမည်ဟု ယူဆမိပါ၏။
ထိုသူတို့အားလုံးသည် မယ်တော်မာရိအပါအဝင် အမျိုးသမီးတစ်စု၊ ယေရှု၏ညီတော်များနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြင့် အဆက်မပြတ်ဆုတောင်းလျက် နေကြ၏။
ထို့ကြောင့် ပေါလုနှင့် ဗာနဗသည် ထိုသူတို့နှင့် အပြင်းအထန်ဆွေးနွေးငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများသည် ဤပြဿနာကို ဖြေရှင်းရန် ပေါလုနှင့် ဗာနဗတို့အား သူတို့အထဲမှလူအချို့နှင့်တကွ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသင်းတော်အကြီးအကဲများထံ သွားရန် ဆုံးဖြတ်ကြ၏။
ထို့နောက် တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူများကိုရွေးချယ်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ ဆီးရီးယားပြည်ရှိအန္တိအုတ်မြို့သို့ စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ ထိုသူတို့မှာ ယုံကြည်သူများထဲမှ ခေါင်းဆောင်ဖြစ်သောဗာရှဗခေါ် ယုဒနှင့် သိလတို့ဖြစ်ကြ၏။
ထိုနည်းတူ ပေါလုနှင့် ဗာနဗသည်လည်း အန္တိအုတ်မြို့၌ ဆက်လက်နေထိုင်ကာ အခြားသူတို့နှင့်တကွ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်ကြ၏။
တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအမှုကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးသုံးသပ်ရန် စည်းဝေးကြ၏။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ယုံကြည်သူအပေါင်းတို့သည် တစ်နေရာတည်းတွင် အတူတကွ စုဝေးနေကြ၏။
ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။
သခင်ဘုရား၏ အမှုတော်ကို ကြိုးစားလုပ်ဆောင်ကြသည့် အမျိုးသမီးများဖြစ်သော တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ အလုပ်အလွန်ကြိုးစားသည့် ချစ်သော ပေရသိကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
ညီအစ်ကိုမောင်နှမတို့… သင်တို့အချင်းချင်း စည်းလုံးကြရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သဘောထားမကွဲလွဲကြနှင့်။ တူညီသောစိတ်၊ တူညီသောရည်ရွယ်ချက်တို့ဖြင့် စည်းလုံးကြလော့။
အသင်းတော်၏ မဏ္ဍိုင်များကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့် ယောဟန်တို့က ကျွန်ုပ်အား ပေးထားသောကျေးဇူးတော်ကို သဘောပေါက်လျက် ကျွန်ုပ်တို့အားလုံးသည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်းကို ပြသောအားဖြင့် ဗာနဗနှင့် ကျွန်ုပ်ကို လက်ဆွဲနှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့သည် လူမျိုးခြားထံသို့ သွားရောက်ဟောပြောရန်နှင့် သူတို့သည် ဂျူးလူမျိုးထံသို့ သွားရောက်ဟောပြောရန် သဘောတူကြ၏။
သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သော အစေခံ ဖြစ်သူ၊ ကျွန်ုပ်၏ ချစ်ခင်ရသောညီ တုခိတ်က ကျွန်ုပ် မည်သို့ ဖြစ်ပြီး မည်သည့်အရာများ လုပ်ဆောင်နေသည်ကို သင်တို့ သိနိုင်ရန် သင်တို့ကို အရာအားလုံး ပြောပြလိမ့်မည်။
ကျွန်ုပ်နှင့် အစေခံချင်း ဖြစ်သူ၊ သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သည့် ချစ်ခင်ရသောညီ တုခိတ်က သင်တို့ကို ကျွန်ုပ်၏ အကြောင်းအရာအားလုံး ပြောပြပါလိမ့်မည်။
သူနှင့်အတူ ကျွန်ုပ်ချစ်ရသောညီ ဩနေသိမ်လည်း ရောက်လာလိမ့်မည်။ ဩနေသိမ်သည် သစ္စာရှိသောသူဖြစ်ပြီး သင်တို့ထဲက တစ်ဦးဖြစ်၏။ သူတို့သည် သင်တို့ကို ဤအရပ်တွင် ဖြစ်ပျက်သည့် အကြောင်းအရာ အားလုံး ပြောပြလိမ့်မည်။
သို့သော် ကျွန်ကဲ့သို့ မဟုတ်တော့ဘဲ ကျွန်ထက် ပိုမြတ်သည့် ချစ်ရသောညီအစ်ကိုကဲ့သို့ရှိနေရန် ဆိုလို၏။ သူသည် အထူးသဖြင့် ကျွန်ုပ်အတွက်လည်း ချစ်ခင်ရသောညီအစ်ကိုကဲ့သို့ ဖြစ်၏။ သင့်အတွက်မှာမူ ကျွန်ကဲ့သို့လည်းကောင်း၊ သခင်ဘုရားကို ယုံကြည်ကြသောညီအစ်ကိုကဲ့သို့လည်းကောင်း ပို၍ ချစ်ခင်ရသောသူဖြစ်၏။
ကျွန်ုပ်တို့၏ ချစ်ရသောညီအစ်ကိုပေါလုသည်လည်း ကျွန်ုပ်တို့၏သခင်ဘုရားပေးတော်မူသော ဉာဏ်ပညာဖြင့် သင်တို့ထံ စာရေးခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏သခင်ဘုရား၏ စိတ်ရှည်တော်မူခြင်းသည် သင်တို့ကယ်တင်ခံရရန် ဖြစ်ကြောင်း မှတ်ယူကြလော့။