ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
တမန်တော်ဝတ္ထု 13:52 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်များသည်လည်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိကြ၏။ Common Language Bible အန္တိအုတ်မြို့ရှိတပည့်တော်တို့သည်ရွှန်လန်း ဝမ်းမြောက်၍ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ရှိကြ၏။ Garrad Bible တ ပည့် တော် တို့ လည်း ဝမ်း မြောက် ခြင်း နှင့်လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း ပြည့် ကြ ကုန်၏။ Judson Bible တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့သည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝလျက်ရှိကြ၏။ |
ထိုအရာအတွက် ဝမ်းမြောက်ပျော်ရွှင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှ၏။ ရှေးပရောဖက်များသည်လည်း ထိုနည်းတူ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြရ၏။
တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
ထိုသူတို့သည် နေ့စဉ် ဗိမာန်တော်၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ၌ မုန့်ကိုဖဲ့ခြင်း၊ ဝမ်းမြောက်သောစိတ်နှင့် ရက်ရောသောစိတ်တို့ဖြင့် မိမိတို့၏အစာကို စားသုံးကြခြင်း စသည်တို့ကိုပြုလုပ်ကြ၏။
ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။
တမန်တော်တို့သည် ယေရှု၏အမည်နာမကြောင့် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် ဘုရားသခင်မှတ်ယူတော်မူသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်မှ ထွက်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
ထိုမျှမက ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရလျှင်လည်း ကျွန်ုပ်တို့သည် ဂုဏ်ယူဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့အား သည်းခံခြင်းကိုလည်းကောင်း၊
သူတို့သည် ဆင်းရဲဒုက္ခများကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ရာတွင် သူတို့သည် အလွန်ပျော်ရွှင်ခဲ့ကြသဖြင့် အလွန်ဆင်းရဲသော်လည်း ရက်ရောစွာ လှူဒါန်းကြ၏။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
သင်တို့သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့ကို အတုယူသူများဖြစ်ကြ၏။ သင်တို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခကြုံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် ဝမ်းမြောက်ခြင်းဖြင့် သတင်းကောင်းကို လက်ခံခဲ့ကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် အမျိုးမျိုးသောဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ ဝမ်းမြောက်စရာသက်သက် ဖြစ်ကြောင်း မှတ်ယူကြလော့။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။