ဂလာတိ 6:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိဩဝါဒစာ ပြီးပါပြီ။ Common Language Bible ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါ စေသော။ အာမင်။ ဂလာတိသြဝါဒစာပြီး၏။ Garrad Bible ညီ အ ကို တို့ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် သည် သင် တို့ စိတ် ဝိ ညာဉ် နှင့် အ တူ တည် ရှိ ပါ စေ သော်။ Judson Bible ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။ ဂလာတိဩဝါဒစာပြီး၏။ မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။ |
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။
ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ မေတ္တာတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းတို့သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။
ညီအစ်ကိုမောင်နှမတို့… နေ့စဉ်ဘဝထဲမှ ဥပမာတစ်ခုကို ကျွန်ုပ်ပေးမည်။ လူတို့ချုပ်ဆိုသော စာချုပ်ပင်လျှင် အတည်ပြုပြီးသောအခါ မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည်လည်း လူမျိုးခြားဖြစ်သော သင်တို့ကဲ့သို့ ဖြစ်လာခဲ့သည့်နည်းတူ သင်တို့သည်လည်း ပညတ်တရားလက်အောက်မှ လွတ်ခွင့်ရသော ကျွန်ုပ်ကဲ့သို့ ဖြစ်လာကြရန် ကျွန်ုပ်တောင်းပန်ပါ၏။ သင်တို့သည် ကျွန်ုပ်အပေါ် မပြစ်မှားခဲ့ကြ။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်ဆိုင်သော သားသမီးများဖြစ်ကြ၏။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။
သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဖိလေမုန်ဩဝါဒစာ ပြီးပါပြီ။
သခင်ယေရှု၏ ကျေးဇူးတော်သည် ယုံကြည်သူများအပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။