ဂလာတိ 6:18 - Common Language Bible18 ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါ စေသော။ အာမင်။ ဂလာတိသြဝါဒစာပြီး၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ညီ အ ကို တို့ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် သည် သင် တို့ စိတ် ဝိ ညာဉ် နှင့် အ တူ တည် ရှိ ပါ စေ သော်။ အခန်းကိုကြည့်ပါ။Judson Bible18 ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။ ဂလာတိဩဝါဒစာပြီး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18 ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိဩဝါဒစာ ပြီးပါပြီ။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-
ညီအစ်ကိုတို့၊ သင်တို့နေ့စဉ်တွေ့ကြုံနေ ကြအဖြစ်အပျက်များမှ ဥပမာတစ်ခု ကိုငါပေးအံ့။ လူတစ်ယောက်နှင့်တစ်ယောက် ကတိစာချုပ်ချုပ်ဆိုသောအခါ၌အချင်း ချင်းချုပ်ဆိုသောစာချုပ်မျှသာဖြစ်သော် လည်း ယင်းကိုသဘောတူချုပ်ဆိုပြီးသည် နှင့်တစ်ပြိုင်နက်စာချုပ်ပါကတိဝန်ခံ ချက်များကိုမည်သူမျှမပယ်ဖျက်၊ မဖြည့် စွက်နိုင်တော့ချေ။-