ငါ့ဘက်၌ မနေသောသူသည် ငါ့ကိုဆန့်ကျင်၏။ ငါနှင့်အတူ မစုစည်းသောသူသည် ပြန့်ကျဲစေသောသူဖြစ်၏။
ဂလာတိ 5:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် လူ့ဗီဇစိတ်သည် ဝိညာဉ်တော်နှင့် ဆန့်ကျင်သောအရာကို အလိုရှိ၍ ဝိညာဉ်တော်သည် လူ့ဗီဇစိတ်နှင့် ဆန့်ကျင်သောအရာကို အလိုရှိသောကြောင့် ဖြစ်၏။ လူ့ဗီဇစိတ်နှင့် ဝိညာဉ်တော်တို့သည် တစ်ပါးနှင့် တစ်ပါး ဆန့်ကျင်လျက် ရှိသဖြင့် သင်တို့သည် မိမိအလိုဆန္ဒအတိုင်း မပြုနိုင်ကြပေ။ Common Language Bible အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။- Garrad Bible အ သို့ ဆို သော် ရုပ် ခ န္ဓာ သည် ဝိ ညာဉ် တော် တစ် ဖက် တပ် မက် ခြင်း၊ ဝိ ညာဉ် တော် လည်း ရုပ် ခ န္ဓာ တစ် ဖက် တိုက် ခိုက် ခြင်း ကို ပြု လျက် အ ချင်း ချင်း ဆန့် ကျင် ဘက် နေ သည့် အ လျောက် သင် တို့ သည် သ ဘော ကျ ရာ များ ကို မ ပြု နိုင်။ Judson Bible အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်သော အလိုရှိကြ၏။ တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။ |
ငါ့ဘက်၌ မနေသောသူသည် ငါ့ကိုဆန့်ကျင်၏။ ငါနှင့်အတူ မစုစည်းသောသူသည် ပြန့်ကျဲစေသောသူဖြစ်၏။
ယေရှုက “ယောန၏သားရှိမုန်… သင်သည်မင်္ဂလာရှိ၏။ သင်သည် ဤအရာကို လူ့အနေဖြင့်သိသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ ခမည်းတော်က ဖော်ပြတော်မူ၍ သိခြင်းဖြစ်၏။
သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ဖြောင့်မတ်ခြင်းကို ငတ်မွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အလိုဆန္ဒပြည့်စုံကြရမည်ဖြစ်သောကြောင့်ပင်။
ထိုအခါ ပေတရုက ယေရှုအား “သခင်… အကျွန်ုပ်သည် သခင်နှင့်အတူ ထောင်ထဲသို့ဖြစ်စေ၊ အသေခံရန်ဖြစ်စေ လိုက်ပါရန်အသင့်ရှိပါသည်” ဟု လျှောက်လေ၏။
ယေရှုကလည်း “အဘယ်ကြောင့် အိပ်ပျော်နေကြသနည်း။ ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် ထ၍ ဆုတောင်းကြလော့” ဟု မိန့်တော်မူလေ၏။
အသွေးအသားအားဖြင့် မွေးဖွားသူသည် အသွေးအသားဖြစ်၏။ သို့သော် ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည် ဝိညာဉ်ဖြစ်၏။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို၌ အမှားအယွင်းမရှိသောသူသည် ပြီးပြည့်စုံသောသူဖြစ်၏။ ထိုသူသည် မိမိတစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။