ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
ဂလာတိ 3:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းတရား မရှိမီအချိန်က ကျွန်ုပ်တို့သည် ယုံကြည်ခြင်းတရား ပေါ်လာသည်အထိ ပညတ်တရားအောက်၌ အကျဉ်းသားများအဖြစ် ချုပ်နှောင်ခံခဲ့ကြရ၏။ Common Language Bible ယုံကြည်ခြင်းတရားမပေါ်မီငါတို့သည်ပေါ် လာမည့်ယုံကြည်ခြင်းတရားလက်ထက်တိုင် အောင် ပညတ်တရား၏အကျဉ်းသားအဖြစ် ချုပ်နှောင်ခြင်းကိုခံရကြ၏။- Garrad Bible ယုံ ကြည် ခြင်း တ ရား မ ရောက် မီ ငါ တို့ သည် ထင် ရှား မည့် ယုံ ကြည် ခြင်း တ ရား လက် ထက် တိုင် အောင် ပ ညတ် တ ရား အောက် အ ကျဉ်း ချ လျက် အ စောင့် အ ကြပ် ခံ ရ သည့် အ လျောက်၊ Judson Bible ယုံကြည်ခြင်းတရားမရောက်မီ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါငါတို့သည် နောက်၌ ထင်ရှားလတ္တံ့သော ယုံကြည်ခြင်းတရားကို မျှော်လင့်၍ ချုပ်ထားလျက်ရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါတို့သည် ယုံကြည်ခြင်းတရားရောက်မလာမီ ပညတ်တရားအောက်၌ စောင့်ရှောက်ခြင်းခံရလျက် ယုံကြည်ခြင်းတရားထင်ရှားလာသည့်အထိ ချုပ်နှောင်ထားခြင်းခံရကြ၏။ |
ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသောကြောင့် ဖြစ်၏။
လူအပေါင်းတို့သည် မနာခံကြသောကြောင့် ပြစ်ဒဏ်ခံထိုက်ကြောင်း ဘုရားသခင်ပြသတော်မူ၏။ ဤသို့ ပြသတော်မူရခြင်းမှာ လူအပေါင်းတို့အပေါ် ကရုဏာထားလိုသောကြောင့်ပင် ဖြစ်၏။
ပညတ်တရား၌ ပါသမျှသောပြဋ္ဌာန်းချက်များသည် ထိုပညတ်တရားကို ခံယူရရှိသောသူတို့အတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ပညတ်တရား၏ ရည်ရွယ်ချက်မှာ လူတို့ကို မိမိတို့၏အပြစ်အတွက်ဆင်ခြေမပေးရန်နှင့် လောကီသားအားလုံးသည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်း ဖော်ပြရန်ဖြစ်၏။
သို့ဖြစ်လျှင် ပညတ်တရားကို အဘယ်ကြောင့် ပေးထားသနည်း။ ပညတ်တရားကို ပေးထားရခြင်းမှာ အပြစ်၏ သဘောသဘာဝကို ဖော်ပြရန်ဖြစ်ပြီး ကတိတော်ကို ရရှိသော အမျိုးအနွယ် မပေါ်မီကာလတိုင်အောင် ထားရှိမည်ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များဖြင့် ကြားဝင်စေ့စပ်သူ မောရှေထံမှတစ်ဆင့် ပေးအပ်တော်မူ၏။
ပညတ်တရားလက်အောက်၌ နေလိုသောသူတို့… ကျွန်ုပ်မေးပါမည်။ ပညတ်တရား၌ မည်သို့ဆိုထားသည်ကို နားမလည်ကြသလော။
သို့သော် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခံရလျှင် သင်တို့သည် ပညတ်တရားလက်အောက်၌ မရှိပေ။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။