ထိုအခါ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့၏စကားကိုနားမထောင်ကြလျှင် သေရာမှ ပြန်ရှင်လာသောသူကိုလည်း ယုံကြည်ကြလိမ့်မည်မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
ဂလာတိ 3:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် ပညတ်တရားကို အဘယ်ကြောင့် ပေးထားသနည်း။ ပညတ်တရားကို ပေးထားရခြင်းမှာ အပြစ်၏ သဘောသဘာဝကို ဖော်ပြရန်ဖြစ်ပြီး ကတိတော်ကို ရရှိသော အမျိုးအနွယ် မပေါ်မီကာလတိုင်အောင် ထားရှိမည်ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များဖြင့် ကြားဝင်စေ့စပ်သူ မောရှေထံမှတစ်ဆင့် ပေးအပ်တော်မူ၏။ Common Language Bible ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။- Garrad Bible သို့ ဖြစ် လျှင် ပ ညတ် တ ရား တော် ကား မည် သည့် အ ရာ နည်း။ က တိ တော် ခံ ရ သော အ မျိုး အ နွယ် မ ပေါ် မ ချင်း လွန် ကျူး မှု များ ကြောင့် စေ တ မန် တော် တို့ ဆင့် ဆို လျက် စေ့ စပ် သူ လက် ဖြင့် ထပ် သွင်း စီ ရင် တော် မူ ရာ တည်း။ Judson Bible သို့ဖြစ်၍ ပညတ်တရားသည် အဘယ်အကျိုးရှိသနည်း ဟူမူကား၊ ကတိတော်ကိုခံသော အမျိုးအနွယ် မဖြစ်မီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကို ထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်များအားဖြင့် အာမခံ၏ လက်၌ထားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ပညတ်တရားသည် အဘယ်ကြောင့်ရှိရသနည်း။ ၎င်းသည် ကတိတော်ကိုခံရသောအမျိုးအနွယ်ပေါ်ထွန်းသည်အထိ ဖောက်ဖျက်ကျူးလွန်မှုများကြောင့် ဖြည့်စွက်ထားခြင်းခံရပြီး ကောင်းကင်တမန်များမှတစ်ဆင့် ကြားဝင်စေ့စပ်သူအားဖြင့် ပြဋ္ဌာန်းခြင်းခံရ၏။ |
ထိုအခါ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့၏စကားကိုနားမထောင်ကြလျှင် သေရာမှ ပြန်ရှင်လာသောသူကိုလည်း ယုံကြည်ကြလိမ့်မည်မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။
သူသည် သိနာတောင်တွင် သူ့အား စကားပြောသော ကောင်းကင်တမန်နှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုးဘေးများနှင့်လည်းကောင်း၊ တောကန္တာရတွင် စုဝေးသောလူတို့နှင့်လည်းကောင်း ရှိခဲ့သောသူဖြစ်၏။ သူသည် ကျွန်ုပ်တို့အား ပေးအပ်ရန် အသက်ရှင်စေသော ဗျာဒိတ်တော်ကို လက်ခံရရှိလေ၏။
သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပေးအပ်သော ဘုရားသခင်၏ပညတ်ကျမ်းကို ရရှိသော်လည်း လိုက်နာစောင့်ထိန်းခြင်းမရှိကြပေ” ဟု ဆိုလေ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကြားနာရုံမျှကြားနာသောသူသည် ဘုရားသခင်ရှေ့တော်၌ မဖြောင့်မတ်ဘဲ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူသာလျှင် ဖြောင့်မတ်သောကြောင့်ဖြစ်၏။
ပညတ်တရားကို မနာခံသောသူတို့သည် ပြစ်ဒဏ်ပေးခြင်းခံရ၏။ ပညတ်တရားမရှိလျှင်မူ ချိုးဖောက်စရာလည်း မရှိပေ။
ဘုရားသခင်သည် အာဗြဟံနှင့် သူ၏မျိုးနွယ်အတွက် ကတိပြုတော်မူ၏။ ထိုသို့ ကတိပြုတော်မူရာတွင် အများကို ရည်ညွှန်း၍ “အမျိုးအနွယ်များ” ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာ ရည်ညွှန်း၍ “သင်၏ အမျိုးအနွယ်” ဟု မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူမှာ ခရစ်တော်ဖြစ်၏။
ကောင်းကင်တမန်များမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏ တရားတော်သည် စစ်မှန်သောကြောင့် ထိုတရားတော်ကို ချိုးဖောက်၍ မနာခံသူများသည် မိမိတို့နှင့် ထိုက်သင့်သော အပြစ်ဒဏ်ကို ခံကြရသည်မှန်လျှင်
ဘုရားသခင်သည် ကျွန်ုပ်တို့ပြောဆိုနေသော အနာဂတ်ကမ္ဘာကို ကောင်းကင်တမန်များအား အုပ်စိုးခွင့် ပေးတော်မူသည်မဟုတ်။