ဂလာတိ 3:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… နေ့စဉ်ဘဝထဲမှ ဥပမာတစ်ခုကို ကျွန်ုပ်ပေးမည်။ လူတို့ချုပ်ဆိုသော စာချုပ်ပင်လျှင် အတည်ပြုပြီးသောအခါ မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်း မပြုရတော့ပေ။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့နေ့စဉ်တွေ့ကြုံနေ ကြအဖြစ်အပျက်များမှ ဥပမာတစ်ခု ကိုငါပေးအံ့။ လူတစ်ယောက်နှင့်တစ်ယောက် ကတိစာချုပ်ချုပ်ဆိုသောအခါ၌အချင်း ချင်းချုပ်ဆိုသောစာချုပ်မျှသာဖြစ်သော် လည်း ယင်းကိုသဘောတူချုပ်ဆိုပြီးသည် နှင့်တစ်ပြိုင်နက်စာချုပ်ပါကတိဝန်ခံ ချက်များကိုမည်သူမျှမပယ်ဖျက်၊ မဖြည့် စွက်နိုင်တော့ချေ။- Garrad Bible ညီ အစ် ကို တို့၊ လူ့ အ လိုက် ငါ ဆို လျင် လူ ချင်း ချုပ် ပြီး သော ပ ဋိ ညာဉ် ကို ပင် မည် သူ မျှ မ ပယ် ဖျက်၊ မ ထည့် သွင်း နိုင်။ Judson Bible ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ် သူမျှမပယ်ရ။ ထပ်ဆင့်၍စကားကို မသွင်းရ။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ လူ၏ထုံးစံကိုပုံဆောင်၍ ငါပြောမည်။ လူတို့ချုပ်ဆိုထားသောစာချုပ်ပင်လျှင် မည်သူကမျှ ပယ်ဖျက်ခြင်း၊ သို့မဟုတ် ဖြည့်စွက်ခြင်းမပြုရချေ။ |
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
သို့သော်လည်း ကျွန်ုပ်တို့၏ မတရားမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပေါ်လွင်ထင်ရှားစေလျှင် မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့အပေါ် အမျက်တော်ကျရောက်စေတော်မူသော ဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။ ဤအရာကို လူသားတစ်ယောက်အနေဖြင့် ကျွန်ုပ်ပြောဆိုခြင်းဖြစ်၏။
သင်တို့၏ လူ့သဘာဝအားနည်းချက်ကြောင့် ဤအကြောင်းအရာကို သင်တို့နားလည်စေရန် ကျွန်ခံခြင်းဥပမာကို ကျွန်ုပ်အသုံးပြုရခြင်းဖြစ်၏။ ယခင်က သင်တို့သည် စက်ဆုပ်ညစ်ညမ်းခြင်းနှင့် တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် မိမိတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဆက်သ၍ ပိုမိုကြီးလေးသောအပြစ်ကို ကျူးလွန်ကြ၏။ ယခုတွင်မူ သင်တို့သည် သန့်ရှင်းသောသူများဖြစ်လာကြစေရန် ဖြောင့်မတ်ခြင်းတရား၏ကျွန်အဖြစ် အပ်နှံကြလော့။
ကျွန်ုပ်သည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျွန်ုပ်အတွက် မည်သည့်အကျိုး ရှိမည်နည်း။ သေလွန်သောသူတို့ မထမြောက်လျှင် “ကျွန်ုပ်တို့သည် မနက်ဖြန် သေကြမည်ဖြစ်၍ စားသောက်လျက် နေကြစို့” ဟူ၍ ဆိုထားသည့်အတိုင်း ပြုကြစို့။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိဩဝါဒစာ ပြီးပါပြီ။
ဘုရားသခင်သည် အာဗြဟံအား ကတိပေးတော်မူသောအခါ တိုင်တည်၍ ကျိန်ဆိုရန် မိမိထက် ကြီးမြတ်သောသူ မရှိသောကြောင့် မိမိကိုယ်ကိုယ် တိုင်တည်၍
လူတို့သည် မိမိတို့ထက် ကြီးမြတ်သူကို တိုင်တည်၍ သစ္စာဆိုတတ်ကြပြီး ထိုသို့သစ္စာဆိုအတည်ပြုခြင်းဖြင့် အငြင်းပွားမှုအားလုံးကို ဖြေရှင်းတတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် သေတမ်းစာရေးသူအသက်ရှင်စဉ် သူ၏ သေတမ်းစာသည်အတည်မဖြစ်။ ထိုသူ သေဆုံးပြီးမှသာ အတည်ဖြစ်၏။