ယေရှုက “ကောင်းမှုနှင့်ပတ်သက်၍ အဘယ်ကြောင့်ငါ့ကို မေးသနည်း။ ကောင်းမြတ်သောအရှင် တစ်ပါးတည်းသာရှိ၏။ ထာဝရအသက်ကို ရလိုလျှင် ပညတ်တော်များကို လိုက်နာလော့” ဟု မိန့်တော်မူ၏။
ဂလာတိ 3:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာတွင် “ပညတ်တရား၌ ပါသော ပညတ်များကို လိုက်နာသောသူသည် ထိုပညတ်များကို လိုက်နာခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆို၏။ ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်း၌ မည်သို့မျှ အခြေမခံပေ။ Common Language Bible သို့ရာတွင်ကျမ်းစာတော်က ``ပညတ်တရား ၏ပြဋ္ဌာန်းချက်မှန်သမျှကိုလိုက်လျှောက်သူ သည် အသက်ရှင်လိမ့်မည်'' ဟုဆိုသဖြင့် ပညတ်တရားသည်ဘုရားသခင်အား ယုံကြည်မှုနှင့်မည်သို့မျှမသက်ဆိုင်။ Judson Bible ပညတ်တရားမူကား၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။ |
ယေရှုက “ကောင်းမှုနှင့်ပတ်သက်၍ အဘယ်ကြောင့်ငါ့ကို မေးသနည်း။ ကောင်းမြတ်သောအရှင် တစ်ပါးတည်းသာရှိ၏။ ထာဝရအသက်ကို ရလိုလျှင် ပညတ်တော်များကို လိုက်နာလော့” ဟု မိန့်တော်မူ၏။
ထိုသို့ ဘုရားသခင်သည် ထိုသူတို့အား ကျေးဇူးတော်ကို အခြေခံ၍ ရွေးကောက်တော်မူ၏။ သူတို့၏ အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူသည်မဟုတ်။ လူ့အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူလျှင် ဘုရားသခင်၏ ကျေးဇူးတော်သည် အစစ်အမှန်မဟုတ်တော့ပေ။
ဘုရားသခင်၏ ကတိတော်သည် ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့အတွက်သာ ဖြစ်လျှင် ယုံကြည်ခြင်းကို မလိုအပ်ပေ။ ကတိတော်သည်လည်း အဓိပ္ပာယ်မဲ့နေပေမည်။
ထို့ကြောင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံရရှိ၏။ ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့် အာဗြဟံ၏ မျိုးဆက်အားလုံး လက်ခံရရှိမည်မှာ အမှန်ပင်ဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးသောသူတို့ဖြစ်စေ၊ မကျင့်သုံးသောသူတို့ဖြစ်စေ အာဗြဟံ၌ရှိသည့် ယုံကြည်ခြင်းမျိုး ရှိသောသူမှန်လျှင် လက်ခံရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ယုံကြည်သောသူတို့၏ ဖခင်ကြီးဖြစ်သောကြောင့်ပင်ဖြစ်၏။
ထိုအခါ ကျွန်ုပ်သည် သေရ၏။ ထို့ကြောင့် အသက်ရှင်စေရန် ရည်ရွယ်သော ထိုပညတ်တော်သည် သေစေသည်ကိုလည်း ကျွန်ုပ်တွေ့ရှိရ၏။