ဂလာတိ 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သို့ရာတွင်ကျမ်းစာတော်က ``ပညတ်တရား ၏ပြဋ္ဌာန်းချက်မှန်သမျှကိုလိုက်လျှောက်သူ သည် အသက်ရှင်လိမ့်မည်'' ဟုဆိုသဖြင့် ပညတ်တရားသည်ဘုရားသခင်အား ယုံကြည်မှုနှင့်မည်သို့မျှမသက်ဆိုင်။ အခန်းကိုကြည့်ပါ။Judson Bible12 ပညတ်တရားမူကား၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ကျမ်းစာတွင် “ပညတ်တရား၌ ပါသော ပညတ်များကို လိုက်နာသောသူသည် ထိုပညတ်များကို လိုက်နာခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆို၏။ ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်း၌ မည်သို့မျှ အခြေမခံပေ။ အခန်းကိုကြည့်ပါ။ |
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။