ဂလာတိ 3:12 - Common Language Bible12 သို့ရာတွင်ကျမ်းစာတော်က ``ပညတ်တရား ၏ပြဋ္ဌာန်းချက်မှန်သမျှကိုလိုက်လျှောက်သူ သည် အသက်ရှင်လိမ့်မည်'' ဟုဆိုသဖြင့် ပညတ်တရားသည်ဘုရားသခင်အား ယုံကြည်မှုနှင့်မည်သို့မျှမသက်ဆိုင်။ အခန်းကိုကြည့်ပါ။Judson Bible12 ပညတ်တရားမူကား၊ ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ဆိုသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် ပညတ်တရားသည် ယုံကြည်ခြင်းနှင့်ဆိုင်သည်မဟုတ်ဘဲ “ပညတ်တရားတို့ကို ကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်မည်”ဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ကျမ်းစာတွင် “ပညတ်တရား၌ ပါသော ပညတ်များကို လိုက်နာသောသူသည် ထိုပညတ်များကို လိုက်နာခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆို၏။ ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်း၌ မည်သို့မျှ အခြေမခံပေ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်ကိုယ်တော်၏သြဝါဒများကို လိုက်နာရန်သူတို့အားသတိပေးတော်မူပါ၏။ ပညတ်တရားတော်ကိုစောင့်ထိန်းမှုမှာမိမိတို့၏ အသက်ရှင်ရာလမ်းပင်ဖြစ်သော်လည်း သူတို့သည်မာန်မာနထောင်လွှားကာကိုယ်တော်၏ တရားတော်တို့ကိုပစ်ပယ်ကြပါ၏။ သူတို့သည်လွန်စွာခေါင်းမာလျက်စကားတော်ကို နားမထောင်ဘဲနေကြပါ၏။
သို့ဖြစ်၍အာဗြဟံသားမြေးအပေါင်းတို့ သည်ဘုရားသခင်၏ကတိတော်ကိုအခမဲ့ ခံစားခွင့်ရှိကြောင်း အာမခံချက်ရှိစေရန် ကိုယ်တော်သည်အာဗြဟံ၏ယုံကြည်မှုအပေါ် တွင်အခြေခံ၍ကတိထားတော်မူ၏။ ထို ကတိတော်သည်ပညတ်တရားကိုစောင့်ထိန်း သူများအတွက်သာလျှင်မဟုတ်။ အာဗြဟံ ကဲ့သို့ဘုရားသခင်ကိုယုံကြည်သူတို့ အတွက်လည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည်ငါတို့အားလုံး၏အဖဖြစ် သောကြောင့်တည်း။-
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-