ဆက်လက်၍ ကိုယ်တော်က “သင်တို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းရန်အတွက် ဘုရားသခင်၏ ပညတ်တော်ကို ပစ်ပယ်ကြ၏။
ဂလာတိ 2:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မပစ်ပယ်။ လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် ခရစ်တော်၏ အသေခံတော်မူခြင်းသည် အချည်းနှီးဖြစ်၏။ Common Language Bible ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပစ် ပယ်။ အကယ်၍လူတို့သည်ပညတ်တရားအား ဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကို ရရှိနိုင်ကြလျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။ Garrad Bible ငါ သည် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ပယ် ဖျက် သည် မ ဟုတ်။ အ ကယ်၍ ပ ညတ် တ ရား ကြောင့် ဖြောင့် မတ် ရာ ရောက် ခွင့် ရ လျှင် ခ ရစ် တော် သည် အ ကြောင်း မဲ့ အ သေ ခံ တော် မူ လေ ပြီ။ Judson Bible ဘုရားသခင်၏ ကျေးဇူးတော်ကို ငါမပယ်။ ပညတ်တရားကို အမှီပြု၍ ဖြောင့်မတ်ရာသို့ ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းနှီး အသေခံတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို မပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းကို ပညတ်တရားအားဖြင့်ရရှိနိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။ |
ဆက်လက်၍ ကိုယ်တော်က “သင်တို့သည် မိမိတို့၏ ဓလေ့ထုံးတမ်းကို ထိန်းသိမ်းရန်အတွက် ဘုရားသခင်၏ ပညတ်တော်ကို ပစ်ပယ်ကြ၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
ထိုသို့ ဘုရားသခင်သည် ထိုသူတို့အား ကျေးဇူးတော်ကို အခြေခံ၍ ရွေးကောက်တော်မူ၏။ သူတို့၏ အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူသည်မဟုတ်။ လူ့အကျင့်ကို အခြေခံ၍ ရွေးကောက်တော်မူလျှင် ဘုရားသခင်၏ ကျေးဇူးတော်သည် အစစ်အမှန်မဟုတ်တော့ပေ။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
သို့ဖြစ်လျှင် ဤသို့သော အံ့ဖွယ်အကြောင်းအရာများကို ထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ ရှိတော်မူလျှင် မည်သူသည် ကျွန်ုပ်တို့ကို ဆန့်ကျင်နိုင်မည်နည်း။
ခရစ်တော် ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင် ကျွန်ုပ်တို့၏ ဟောပြောခြင်းသည်လည်း အချည်းနှီးဖြစ်ပြီး သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။
ခရစ်တော်သည် ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည်လည်း အပြစ်၌ နစ်မွန်းလျက်ပင် ရှိနေကြဦးမည်ဖြစ်၏။
ကျွန်ုပ်ဟောပြောခဲ့သော ထိုသတင်းကောင်းတရားကို သင်တို့ဆက်လက်၍ စွဲမြဲစွာ ယုံကြည်လျှင် ထိုသတင်းကောင်းအားဖြင့် သင်တို့သည် ကယ်တင်ခံကြရ၏။ ထိုသို့ မယုံကြည်လျှင် သင်တို့ ယုံကြည်ခဲ့သည်မှာ အချည်းနှီးဖြစ်၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို ပြန်၍နာခံသည်မှာ မိမိဖျက်ဆီးခဲ့သောအရာကို ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ် ပညတ်တရားချိုးဖောက်သူဖြစ်ကြောင်း ဖော်ပြရာရောက်လိမ့်မည်။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။