သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
ဂလာတိ 2:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ကြိုးစားလျက် ရှိ၏။ သို့သော် ထိုသို့ကြိုးစားစဉ် ကျွန်ုပ်တို့ကိုယ်တိုင်သည်လည်း ပညတ်တရားကို စွန့်ပယ်သဖြင့် အပြစ်သားများပင်ဖြစ်ကြောင်း အခြားဂျူးလူမျိုးတို့က ယူဆလျှင် ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်ကျူးလွန်စေရန် အားပေးသည်ဟု ဆိုနိုင်သလော။ လုံးဝမဆိုနိုင်ပါ။ Common Language Bible သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့် ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန်ကြိုး စားကြရာတွင် မိမိတို့သည်လည်းလူမျိုးခြား တို့နည်းတူအပြစ်ကူးသူများဖြစ်ကြောင်း တွေ့ရှိကြပါလျှင် ခရစ်တော်သည်ငါတို့ အပြစ်ကူးမှုကိုအားပေးသည်ဟုဆိုနိုင် မည်လော။ အဘယ်နည်းနှင့်မျှမဆိုနိုင်။- Garrad Bible ငါ တို့ ပင် ခ ရစ် တော် အား ဖြင့် ဖြောင့် မတ် ရာ ရောက် ခွင့် ကို ရှာ ကြံ စဉ် အ ပြစ် သား များ ဖြစ် ကြောင်း ထင် ရှား လျှင် ခ ရစ် တော် သည် အ ပြစ် တ ရား၏ အ မှု ဆောင် ဖြစ် သ လော။ ထို သို့ မ ဖြစ် စေ ရာ။ Judson Bible ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ် ထင်ရှားသောသူ ဖြစ်သေးသည်မှန်လျှင်၊ ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ်သလော။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ရှာကြံနေကြစဉ် ငါတို့ကိုယ်တိုင် အပြစ်သားများဖြစ်ကြောင်းတွေ့ရှိရသည်ဆိုလျှင် ခရစ်တော်သည် အပြစ်တရား၏အမှုကိုဆောင်ရွက်သူဖြစ်သလော။ လုံးဝမဟုတ်ပေ။ |
သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ထို့ကြောင့် မည်သို့ဆိုရမည်နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေကြသည့် ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို မရရှိကြပေ။ ဘုရားသခင်ရွေးကောက်တော်မူခြင်းကို ခံရသောသူတို့ကသာ ရရှိကြပြီး ကျန်ရှိသောသူတို့မှာ ခေါင်းမာကြ၏။
ခရစ်တော်သည် ဂျူးလူမျိုးတို့၏ အစေခံအဖြစ် ကြွလာရခြင်းမှာ ဘုရားသခင်သည် ဘိုးဘေးတို့အား ပေးတော်မူသောကတိကို တည်တော်မူသောအရှင်ဖြစ်ကြောင်း ပြသရန် ဖြစ်၏။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။
ထိုသို့ မဟုတ်ပါ။ ဘုရားသခင်သည် မဖြောင့်မတ်လျှင် လောကီသားများကို မည်သို့ တရားစီရင်တော်မူမည်နည်း။
အန္တိအုတ်မြို့သို့ ပေတရုရောက်လာသောအခါ သူ၏ လုပ်ရပ်သည် အလွန်မှားယွင်းသောကြောင့် ကျွန်ုပ်သည် သူ့ကို မျက်နှာချင်းဆိုင်၍ ဆုံးမခဲ့၏။
ကျွန်ုပ်တို့သည် အပြစ်သားလူမျိုးခြားများ မဟုတ်ဘဲ မွေးဖွားလာကတည်းကပင် ဂျူးလူမျိုးများ ဖြစ်ကြ၏။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။
သန့်ရှင်းရာဌာနတော်၌ အမှုထမ်းဆောင်သူဖြစ်၏။ ဤသန့်ရှင်းရာဌာနတော်သည် လူက တည်ဆောက်ထားသော တဲတော်မဟုတ်ဘဲ ထာဝရဘုရားကိုယ်တိုင် တည်ဆောက်ထားသည့် စစ်မှန်သောတဲတော်ဖြစ်၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။