ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
ကောလောသဲ 2:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားဖြစ်ခြင်း၏ ပြည့်စုံမှုအားလုံးသည် ခရစ်တော်ထံ၌ ကိုယ်ခန္ဓာအသွင်ဖြင့် ကိန်းအောင်းတော်မူပြီး Common Language Bible လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။- Garrad Bible ဘု ရား သ ခင့် ဂုဏ် တော် ဟူ သ မျှ သည် ခ ရစ် တော်၌ ကိုယ် ခ န္ဓာ အ ဖြစ် ကိန်း ဝပ် သ ဖြင့်၊ Judson Bible အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။ |
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
အစေအပါးသည် ထိုသို့ဆောင်ရွက်ပြီးနောက် သူက ‘သခင်… နေရာလွတ်များ ကျန်ရှိနေသေးသည်’ ဟု ပြန်ပြော၏။
သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။
ငါလုပ်ဆောင်ပါက ငါ့ကို မယုံသော်လည်း ငါလုပ်ဆောင်ခဲ့သောအမှုတော်တို့ကို ယုံလော့။ ထိုသို့ ယုံကြည်လျှင် ခမည်းတော်သည် ငါ၌ တည်တော်မူသည်ကိုလည်းကောင်း၊ ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါသည် ခမည်းတော်၌ တည်သည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ တည်၍ ငါသည်လည်း သင်တို့၌ တည်သည်ကိုလည်းကောင်း ငါအသက်ပြန်၍ ရှင်သောနေ့၌ သင်တို့သိကြလိမ့်မည်။
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
သို့ရာတွင် ကိုယ်တော်သည် မိမိကိုယ်ခန္ဓာဖြစ်သည့် ဗိမာန်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်သည် လူ့စွမ်းရည်နှင့် ပုံဖော်တီထွင်ထားသော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုများ ဖြစ်သည်ဟု မယူဆသင့်ပါ။
ဤသို့ဖြင့် ဘုရားသခင်သည် လူအပေါင်းတို့၏ အပြစ်များကို မှတ်တော်မမူဘဲ ခရစ်တော်အားဖြင့် မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၏။ ကိုယ်တော်သည် ပြန်လည်သင့်မြတ်ခြင်းတရားကို ဟောပြောရန် ကျွန်ုပ်တို့အား တာဝန်ပေးတော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် ကြီးမြတ်သည့်ဘုရားသခင်ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော် ဘုန်းအသရေနှင့် ကြွလာမည့် မင်္ဂလာရက်မြတ်ကို စောင့်မျှော်နေကြ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။