ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။
၁ ရာချုပ် 23:4 - Common Language Bible မင်းကြီးသည်ထိုသူတို့အနက်လူပေါင်း နှစ်သောင်းလေးထောင်တို့အား ဗိမာန်တော် တွင်ဝတ်ကြီးဝတ်ငယ်တို့ကိုဆောင်ရွက်ရန် စီစဉ်သတ်မှတ်၍ပေးတော်မူ၏။ လူခြောက် ထောင်တို့အားစာရင်းအင်းများကိုထိန်း သိမ်းစေ၍တရားသူကြီးများအဖြစ် ဖြင့်ဆောင်ရွက်စေတော်မူ၏။- Garrad Bible ထို သူ တို့ အ နက် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် မှု ကို ကြည့် ရှု ရ သူ နှစ် သောင်း လေး ထောင်၊ တ ရား သူ ကြီး နှင့် တ ရား ခုံ ခြောက် ထောင်၊ Judson Bible ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊ |
ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။
ယောရှဖတ်သည်မြို့သူမြို့သားအချင်းချင်း တရားတွေ့မှုများနှင့်ထာဝရဘုရား၏ပညတ် တော်ကိုချိုးဖောက်မှုများကိုစီရင်ရန်အတွက် လေဝိအနွယ်ဝင်များနှင့်မြို့မိမြို့ဖများအား တရားသူကြီးများအဖြစ်ခန့်ထားတော်မူ၏။-
ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-
လေဝိအနွယ်ဝင်အချို့တို့သည်ဆောက်လုပ် ရေးပစ္စည်းများသယ်ယူပို့ဆောင်မှုကိုလည်း ကောင်း၊ အချို့တို့ကလုပ်ငန်းခွင်အသီးသီး ရှိအလုပ်သမားတို့အားကြီးကြပ်အုပ် ချုပ်မှုကိုလည်းကောင်း၊ အချို့မှာစာရင်း ထိန်းများသို့မဟုတ်တံခါးစောင့်များအဖြစ် ဖြင့်လည်းကောင်းအမှုထမ်းရကြလေသည်။
ယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။-
ဇိခရိ၏သားယောလသည်သူတို့၏ခေါင်း ဆောင်ဖြစ်၍ သေနွာ၏သားယုဒသည်ဒုတိယ ခေါင်းဆောင်ဖြစ်၏။ ယောယရိပ်၏သားယေဒါယ၊ ယာခိန်။
အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။
ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။-