၁ ရာချုပ် 23:5 - Common Language Bible5 လူလေးထောင်တို့အားတံခါးစောင့်တာဝန်ကို အပ်နှင်းလျက် အခြားလေးထောင်တို့ကိုမင်း ကြီးပေးအပ်ထားသည့်တူရိယာများဖြင့် ထာဝရဘုရားအားထောမနာပြုကြရန် ခွဲခန့်သတ်မှတ်၍ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 တံ ခါး စောင့် လေး ထောင်၊ ဒါ ဝိဒ် မင်း စီ မံ ခဲ့ သော တု ရိ ယာ မျိုး ဖြင့် ထာ ဝ ရ ဘု ရား အား ထော မ နာ ပြု ရ သူ လေး ထောင် တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible5 လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတူရိယာတို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။ အခန်းကိုကြည့်ပါ။ |
ခမည်းတော်ဒါဝိဒ်ချမှတ်ထားခဲ့သည့်စည်း မျဉ်းများအတိုင်းမင်းကြီးသည် ယဇ်ပုရော ဟိတ်တို့နေ့စဉ်လုပ်ဆောင်ရန်တာဝန်များကို လည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အမှုတော် ဆောင်ရာတွင်ပါဝင်ကူညီကာ ဋ္ဌမ္မသီချင်း များအေးကူးကြရသူလေဝိအနွယ်ဝင် တို့၏အလုပ်တာဝန်များကိုလည်းကောင်း စီစဉ်ပေးတော်မူ၏။ ဘုရားသခင်၏အစေခံ ဒါဝိဒ်အမိန့်ရှိတော်မူခဲ့သည့်အတိုင်းဗိမာန် တော်အစောင့်တပ်သားများကိုလည်းနေ့စဉ် တာဝန်ဝတ္တရားများထမ်းဆောင်ရန်အဖွဲ့ များဖွဲ့စည်းပေးတော်မူ၏။-
ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။-
အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
လေဝိအိမ်ထောင်စုအချို့တို့သည်ဗိမာန် တော်တွင် ဂီတသီဆိုတီးမှုတ်မှုများကို တာဝန်ယူရကြ၏။ သူတို့၏အိမ်ထောင် ဦးစီးများသည်နေ့ရောညည့်ပါလုပ်ဆောင် ရန်လိုအပ်သဖြင့် ဗိမာန်တော်အဆောက် အအုံ အချို့တို့တွင်နေထိုင်ရကြ၍ အခြားတာဝန်ဝတ္တရားများမှကင်း လွတ်ခွင့်ရရှိကြ၏။
ရှောလမုန်သည်စန္ဒကူးသားကိုဗိမာန်တော်နှင့် နန်းတော်တွင် လက်ရန်းများပြုလုပ်ရာတွင်လည်း ကောင်း၊ ဂီတဆရာများအတွက်စောင်းကြီး၊ စောင်းငယ်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုတော်မူ၏။ ထိုမျှကောင်းသောစန္ဒကူး သားမျိုးကိုဣသရေလပြည်သို့ ယခင်အဘယ် အခါကမျှမသွင်းစဖူးချေ။ ယနေ့တိုင် အောင်လည်းမမြင်ဘူးချေ။
ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
သူတို့သည်နံနက်တိုင်းညနေတိုင်းဥပုသ် နေ့၊ လဆန်းပွဲတော်နေ့များတွင်ပူဇော် သကာဆက်သချိန်တိုင်း ထာဝရဘုရား ကိုထောမနာပြု၍ဘုန်းအသရေတော် ချီးကူးရကြ၏။ ဤအမှုကိုတစ်ကြိမ် လျှင်လေဝိအနွယ်ဝင်မည်မျှဆောင်ရွက် ရမည်ကိုသတ်မှတ်ထားသည့်နည်းဥပဒေ များရှိ၏။ လေဝိအနွယ်ဝင်တို့အစဉ်အမြဲ ထမ်းဆောင်ရကြသည့် တာဝန်ဝတ္တရားမှာ ထာဝရဘုရားအားရှိခိုးဝတ်ပြုကြ ရန်ပင်ဖြစ်ပေသည်။-
လေဝိအနွယ်ဝင်အချို့တို့သည်ဆောက်လုပ် ရေးပစ္စည်းများသယ်ယူပို့ဆောင်မှုကိုလည်း ကောင်း၊ အချို့တို့ကလုပ်ငန်းခွင်အသီးသီး ရှိအလုပ်သမားတို့အားကြီးကြပ်အုပ် ချုပ်မှုကိုလည်းကောင်း၊ အချို့မှာစာရင်း ထိန်းများသို့မဟုတ်တံခါးစောင့်များအဖြစ် ဖြင့်လည်းကောင်းအမှုထမ်းရကြလေသည်။