၂ ရာချုပ် 23:18 - Common Language Bible18 ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible18 ဒါ ဝိဒ် မင်း အ မိန့် တော် အ ရ၊ ရွှင် လန်း စွာ သီ ဆို ခြင်း နှင့် တ ကွ၊ မော ရှေ့ ပည တ္တိ ကျမ်း နှင့် အ ညီ၊ ထာ ဝ ရ ဘုရား ထံ မီး ရှို့ ရာ သ က္ကာ များ ကို ပူ ဇော် အံ့ သော ငှာ၊ ဗိ မာန် တော် တွင် ဒါ ဝိဒ် မင်း ခွဲ ခြား ခဲ့ သော လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ လက် အောက် ၌၊ ဗိ မာန် တော် ဆိုင် ရာ ရာ ထူး များ ကို ယော ယ ဒ စီ ရင် သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible18 မောရှေပညတ္တိကျမ်း၌ပါသည်အတိုင်း၊ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင်သည်အတိုင်း၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှာ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ်လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည်အကြောင်း၊ ယောယဒစီရင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။