Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 19:8 - Common Language Bible

8 ယော​ရှ​ဖတ်​သည်​မြို့​သူ​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​များ​နှင့်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​ချိုး​ဖောက်​မှု​များ​ကို​စီ​ရင်​ရန်​အ​တွက် လေ​ဝိ​အနွယ်​ဝင်​များ​နှင့်​မြို့​မိ​မြို့​ဖ​များ​အား တ​ရား​သူ​ကြီး​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ယေ ရု ရှ လင် မြို့ သို့ ပြန် လာ သော အ ခါ၊ ယော ရှ ဖတ် မင်း သည်၊ သာ သ နာ မှု နှင့် လော က မှု များ ကို စီ ရင် ကြ စေ ရန်၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ ဣ သ ရေ လ အိမ် ထောင် အ အုပ် အ ချုပ် တို့ ကို ရွေး ချယ် ခန့် ထား၍ မိန့် ဆို သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ယေ​ရု​ရှ​လင်​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​မှု​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ချင်း​ချင်း တ​ရား​တွေ့​မှု​တို့​ကို​လည်း​ကောင်း၊ စီ​ရင်​စေ​ခြင်း​ငှာ လေ​ဝိ​သား၊ ယဇ်​ပု​ရော​ဟိတ်၊ ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​အ​ချို့​တို့​ကို ခန့်​ထား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဂျေရုဆလင်​မြို့​တွင်​လည်း ထာဝရဘုရား​၏​စီရင်ထုံးဖွဲ့ချက်​နှင့်​ဆိုင်​သော​အမှု​၊ အငြင်းပွားမှု​တို့​ကို စီရင်​ရန် ယောရှဖတ်​မင်းကြီး​သည် လေဝိ​အမျိုး​၊ ယဇ်ပုရောဟိတ်​တို့​နှင့် အစ္စရေး​ဘိုးဘေး​အိမ်ထောင်စု​အကြီးအမှူး​တို့​ထဲမှ​အချို့​ကို ဂျေရုဆလင်​မြို့​တွင် ခန့်ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 19:8
11 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​လူ​ပေါင်း နှစ်​သောင်း​လေး​ထောင်​တို့​အား ဗိ​မာန်​တော် တွင်​ဝတ်​ကြီး​ဝတ်​ငယ်​တို့​ကို​ဆောင်​ရွက်​ရန် စီ​စဉ်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။ လူ​ခြောက် ထောင်​တို့​အား​စာ​ရင်း​အင်း​များ​ကို​ထိန်း သိမ်း​စေ​၍​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဖြင့်​ဆောင်​ရွက်​စေ​တော်​မူ​၏။-


ဣ​ဇ​ဟာ​၏​သား​မြေး​များ​အ​နက်​ခေ​န​နိ​နှင့် သား​များ​သည် စာ​ရင်း​အင်း​များ​ထိန်း​သိမ်း​ခြင်း နှင့်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အ​ချင်း​ဖြစ်​ပွား မှု​များ​ကို ဖြေ​ရှင်း​ခြင်း​စ​သော​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​ထမ်း​ဆောင်​ရ​ကြ​၏။


ဘာ​သာ​ရေး​အမှု​အ​ခင်း​ရှိ​သ​မျှ​တွင်​ယဇ်​ပု​ရော ဟိတ်​မင်း​အာ​မ​ရိ​သည်​လည်း​ကောင်း၊ တ​ရား​အ​မှု မှန်​သ​မျှ​တွင် ဣရှ​မေ​လ​၏​သား၊ ယု​ဒ​ဘု​ရင်​ခံ ဇေ​ဗ​ဒိ​သည်​လည်း​ကောင်း​နောက်​ဆုံး​အာ​ဏာ​ပိုင် ဖြစ်​စေ​ရ​မည်။ တ​ရား​ရုံး​များ​မှ​ချ​မှတ်​သည့် စီ​ရင်​ချက်​များ​ကို​အ​ရေး​ယူ​ဆောင်​ရွက်​ရန်​မှာ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏​တာ​ဝန်​ဖြစ်​၏။ သင်​တို့ သည်​ဤ​ညွှန်​ကြား​ချက်​များ​ကို​ရဲ​ရင့်​စွာ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မှန်​သူ​တို့​ဘက်​၌​ရှိ​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော်​မူ​၏။


မင်း​ကြီး​က​ထို​သူ​တို့​အား``သင်​တို့​သည်​ထာ​ဝရ ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​သော​စိတ်​နှင့် မိ​မိ​တို့ ၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ကြ​ရ​မည်။ ရိုး​သား​ဖြောင့်​မတ်​ရ​ကြ​မည်။ ဘက်​မ​လိုက်​ကြ​ရ။-


ဤ​မြို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​တို့​နန်း​စိုက်​၍ ပြည်​သူ​တို့​အား​တ​ရား​စီ​ရင်​ရာ​ဌာ​န​ဖြစ်​၏။


အ​မှု​အ​ခင်း​တစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာ သော​အ​ခါ သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ ဘာ​သာ​ရေး ပွဲ​လမ်း​သ​ဘင်​များ​ကို ငါ​၏​ဥ​ပ​ဒေ​စည်း မျဉ်း​နှင့်​အ​မိန့်​များ​အ​ရ​ကျင်း​ပ​ရ​ကြ မည်။ ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့် နေ့​အ​ဖြစ်​ဖြင့်​စောင့်​ထိန်း​ရ​ကြ​မည်။


လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ထို အ​ရပ်​သို့​သွား​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​လက်​ရောက်​ကူး​လွန်​မှု​မှန်​သ​မျှ​တွင် သူ တို့​စီ​ရင်​ဆုံး​ဖြတ်​ရ​သော​ကြောင့်​တည်း။ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ တို့​အား​အ​မှု​တော်​ကို​ဆောင်​ရန်​နှင့် ထာ​ဝ​ရ ဘု​ရား​၏​အ​ခွင့်​အာ​ဏာ​ဖြင့်​ကောင်း​ချီး ပေး​ရန်​ရွေး​ကောက်​ထား​တော်​မူ​၏။-


``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​နှစ်​ဦး သည်​ရုံး​တွင် တ​ရား​ဆိုင်​ကြ​ရာ​၌​တစ်​ဦး​သည် အ​ပြစ်​မ​ရှိ၊ အ​ခြား​တစ်​ဦး​သည်​အ​ပြစ်​ရှိ သည်​ဟူ​၍​စီ​ရင်​သော​အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ