ယေဇကျေလ 44:24 - Common Language Bible24 အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။ အခန်းကိုကြည့်ပါ။Garrad Bible24 အ မှု ရှိ သ မျှ ကို ငါ့ ဆုံး ဖြတ် ချက် အ လိုက် ဆုံး ဖြတ် ခြင်း၊ ပြု မြဲ ပွဲ တော် ရှိ သ မျှ ကို၊ ငါ့ ဥ ပ ဒေ ချက် နှင့် ထုံး ဖွဲ့ ချက် အ လိုက် စောင့် ရှောက် ခြင်း၊ ဥ ပုသ် နေ့ တော် ကို သီး သန့် ထား ခြင်း များ ပြု ကြ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible24 တရားတွေ့မှုကို စီရင်လျှင်၊ ငါ၏ဓမ္မသတ်အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကိုလည်းကောင်း၊ ငါ၏ဥပုသ်နေ့တို့ကိုလည်းကောင်း စောင့်ရှောက်ရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။ အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-
လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့သည်ထို အရပ်သို့သွားရကြမည်။ အဘယ်ကြောင့်ဆို သော်လက်ရောက်ကူးလွန်မှုမှန်သမျှတွင် သူ တို့စီရင်ဆုံးဖြတ်ရသောကြောင့်တည်း။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သူ တို့အားအမှုတော်ကိုဆောင်ရန်နှင့် ထာဝရ ဘုရား၏အခွင့်အာဏာဖြင့်ကောင်းချီး ပေးရန်ရွေးကောက်ထားတော်မူ၏။-
သို့ရာတွင်အကယ်၍ငါလာရောက်ရန်နှောင့်နှေး ကြန့်ကြာနေခဲ့သော် ဘုရားသခင်၏အိမ်ထောင် စုသားတို့အဘယ်သို့ပြုမူကျင့်ကြံသင့်သည် ကိုသင်သိရှိနိုင်စေရန် ဤစာကိုရေးလိုက်ရ ခြင်းဖြစ်ပေသည်။ ထိုအိမ်ထောင်စုကားအသက် ရှင်တော်မူသောဘုရားသခင်၏အသင်းတော် ပင်တည်း။ ထိုအသင်းတော်သည်သမ္မာတရား၏ မဏ္ဍိုင်ဖြစ်၏။-