တရားဟော 16:18 - Common Language Bible18 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသည့်မြို့တိုင်းတွင် တရား သူကြီးများနှင့်အခြားအရာရှိများကို ခန့်ထားရမည်။ ဤသူတို့သည်မျက်နှာ မလိုက်ဘဲတရားစီရင်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible18 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော မြို့ ရွာ ရှိ သ မျှ တွင် တ ရား သူ ကြီး၊ တ ရား ခုံ တို့ ကို၊ အ နွယ် များ အ လိုက် ခန့် ထား ကြ ရ မည်။ ထို သူ တို့ သည် လူ မျိုး တော် အ ပေါ် တွင် တ ရား သ ဖြင့် စီ ရင် ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible18 သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောမြို့ ရှိသမျှတို့တွင်၊ တရားသူကြီး၊ အရာရှိတို့ကို သင့်နေရာခရိုင်များ၌ အနှံ့အပြားခန့်ထားရမည်။ သူတို့သည်၊ လူမျိုးတို့တွင် တရားမှုကို တရားသဖြင့် စီရင်ရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။ အခန်းကိုကြည့်ပါ။ |
``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-