မိက္ခာကလည်း``သင်ပုန်းအောင်းရန်အတွက်အတွင်း ခန်းတစ်ခုခုသို့ဝင်သောအခါ၌သိရပါလိမ့် မည်'' ဟုပြန်ပြောလေသည်။
ဟေရှာယ 9:9 - Common Language Bible ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊- Garrad Bible အုတ် တိုက် များ ပြို သော် လည်း၊ ကျောက် ဆစ် ဖြင့် တည် ဆောက် ခြင်း။ ပိုး စာ သား ကျ သော် လည်း၊ သစ် က တိုး သား လဲ လှယ် ခြင်း၊ ပြု ဦး မည် ဟု မာ န မြင့် လျက် ထောင် လွှား သော ရှ မာ ရိ မြို့ တော်၊ ဧ ဖ ရိမ် ပြည် နေ ထိုင် သူ အ ပေါင်း တို့ သည် သိ ရ ကြ လိမ့် မည်။ Judson Bible အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်အမျိုးနှင့် ရှမာရိမြို့၌နေထိုင်သောလူအပေါင်းတို့သည် ကြားသိကြလိမ့်မည်။ သူတို့သည် ခက်ထန်မောက်မာသောစိတ်ဖြင့် |
မိက္ခာကလည်း``သင်ပုန်းအောင်းရန်အတွက်အတွင်း ခန်းတစ်ခုခုသို့ဝင်သောအခါ၌သိရပါလိမ့် မည်'' ဟုပြန်ပြောလေသည်။
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
ထိုသေသောက်ကြူးသောခေါင်းဆောင်တို့ ဂုဏ်ယူဝါကြွားမှုသည် ခြေနှင့်နင်းချေ ခြင်းကိုခံရလိမ့်မည်။-
ငါတို့လွတ်မြောက်ရန်အချိန်ကာလသည် ဝေးသေးသည်ဟုဆိုသူ အချင်းခေါင်းမာသည့်လူစု၊ငါပြောသည်ကို နားထောင်ကြလော့။
သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
ရှုရိတပ်များသည် ဣသရေလနယ်မြေအတွင်း သို့ရောက်ရှိနေပြီဖြစ်ကြောင်း ယုဒဘုရင်ကြား သိရသောအခါ သူနှင့်တကွသူ၏ပြည်သူ အပေါင်းသည်လွန်စွာထိတ်လန့်ကြကုန်၏။ လေ တိုက်၍လှုပ်သောသစ်ရွက်များကဲ့သို့ သူတို့ ၏စိတ်နှလုံးသည်တုန်လှုပ်လျက်နေကုန်၏။
ထာဝရဘုရားသည်ယာကုပ်၏သားမြေး များအပေါ်နှင့် ဣသရေလပြည်အပေါ်၌ တရားစီရင်ချက်ချမှတ်တော်မူလေပြီ။-
``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်သင်၏ဟောကြားချက်မှန်သမျှ သည်မှန်ကန်လာရမည်ဖြစ်သည့်အတိုင်း အကောင်အထည်ပေါ်လာသောအခါ မိမိ တို့အလယ်တွင်ပရောဖက်တစ်ပါးရောက် ရှိနေကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မင်းကြီးသည်ညည်းတွားမြည်တမ်းလျက်နေ လိမ့်မည်။ မင်းသားသည်လည်းမျှော်လင့်ရာမဲ့ ဖြစ်၍နေလိမ့်မည်။ ပြည်သူတို့ကားကြောက် လန့်တုန်လှုပ်လျက်နေကြလိမ့်မည်။ ငါသည် သင်တို့အားမိမိတို့ပြုခဲ့သမျှသောအမှု များအတွက်အပြစ်ဒဏ်ပေးမည်။ သင်တို့သူ တစ်ပါးအားတရားစီရင်ခဲ့ကြသည်နည်း တူ သင်တို့အားငါတရားစီရင်မည်။ ဤနည်း အားဖြင့်ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
``ဣသရေလပြည်သားတို့သည်နန်းတော် များကိုတည်ဆောက်ကြသော်လည်းသူတို့ ကိုဖန်ဆင်းသောအရှင်အားမေ့လျော့လျက် ရှိကြ၏။ ယုဒပြည်သားတို့သည်ခိုင်ခံ့ သောမြို့များကိုတည်ကြ၏။ သို့ရာတွင် ငါသည်သူတို့၏နန်းတော်များနှင့်မြို့ များပေါ်သို့လောင်မီးကျစေမည်။
အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။
ထာဝရဘုရားက``သင်တို့သည်ငါ့အကြောင်း မကောင်းသတင်းများကိုပြောဆိုကြလေပြီ။ သို့သော်လည်းသင်တို့က`ကျွန်တော်မျိုးတို့ သည်ကိုယ်တော်ရှင်၏အကြောင်းကိုအဘယ် သို့ပြောဆိုခဲ့ကြပါသနည်း' ဟုမေးကြ၏။-
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
ထိုနည်းတူစွာသင်တို့လူငယ်လူရွယ်များသည် လူကြီးတို့၏စကားကိုနားထောင်ရကြမည်။ သင်တို့အားလုံးပင်နှိမ့်ချသောစိတ်တည်းဟူ သောတန်ဆာကိုဆင်လျက်တစ်ဦး၏အစေကို တစ်ဦးခံရကြမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာတော်တွင်``ဘုရားသခင်သည်မာန ကြီးသူကိုဆီးတားတော်မူ၏။ သို့ရာတွင် စိတ်နှိမ့်ချသူကိုမူကားကျေးဇူးပြုတော် မူ၏'' ဟုဖော်ပြပါရှိသောကြောင့်တည်း။-