Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 7:27 - Common Language Bible

27 မင်း​ကြီး​သည်​ညည်း​တွား​မြည်​တမ်း​လျက်​နေ လိမ့်​မည်။ မင်း​သား​သည်​လည်း​မျှော်​လင့်​ရာ​မဲ့ ဖြစ်​၍​နေ​လိမ့်​မည်။ ပြည်​သူ​တို့​ကား​ကြောက် လန့်​တုန်​လှုပ်​လျက်​နေ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သ​မျှ​သော​အ​မှု များ​အ​တွက်​အ​ပြစ်​ဒဏ်​ပေး​မည်။ သင်​တို့​သူ တစ်​ပါး​အား​တ​ရား​စီ​ရင်​ခဲ့​ကြ​သည်​နည်း တူ သင်​တို့​အား​ငါ​တ​ရား​စီ​ရင်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ဘု ရင် မင်း သည် မြည် တမ်း လျက်၊ အ ရာ ရှိ သူ သည် အံ့ အား သင့် ခြင်း ကို ခြုံ လျက်၊ ပြည် သူ ပြည် သား တို့ လည်း လက် တုန် လျက်၊ အ လေ့ အ လာ အ ပြု အ မူ အ လိုက်၊ တ ရား စီ ရင် ခံ ရ သည့် အ တွက်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သူ တို့ သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ရှင်​ဘု​ရင်​သည် ညည်း​တွား​မြည်​တမ်း​လိမ့်​မည်။ မင်း​သား​သည် မှိုင်​တွေ​ခြင်း​အ​ဝတ်​ကို ဝတ်​ရ​လိမ့်​မည်။ ပြည်​သူ​ပြည်​သား​တို့၏ လက်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​ကြ​သည်​အ​တိုင်း သူ​တို့၌​ငါ​ပြု​မည်။ သူ​တို့​စီ​ရင်​ကြ​သည်​အ​တိုင်း ငါ​ပြန်၍ စီ​ရင်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ရှင်ဘုရင်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီး မင်းသား​တို့​သည်​လည်း စိတ်ပျက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ရ​လိမ့်မည်​။ ပြည်သူပြည်သား​တို့​၏​လက်​များ​သည်​လည်း တုန်ရီ​နေ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပြု​မည်​။ သူ​တို့​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ပြန်​စီရင်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 7:27
22 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​တစ်​ပါး​သည်​အာ​ဟပ်​မင်း​ထံ​သို့ သွား​၍``ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​တောင်​ကို အ​စိုး​ရ​သော​ဘု​ရား​ဖြစ်​သည်။ လွင်​ပြင်​ကို အ​စိုး​မ​ရ​ဟု​ရှု​ရိ​အ​မျိုး​သား​တို့​က​ဆို သော​ကြောင့် သူ​တို့​၏​ကြီး​မား​သော​တပ်​မ တော်​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​နှင့် တ​ကွ​သင်​၏​ပြည်​သူ​တို့​သိ​ရ​ကြ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။


သင့်ကိုမုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိရကြလိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။


ကျိန်​ဆဲ​မှု​သည်​သူ​၏​အ​တွက်​ခါး​ဝတ် ပု​ဆိုး​သ​ဖွယ်​ဖြစ်​၏။ သူ​၏​ကျိန်​ဆဲ​ချက်​များ​သည်​ရေ​ကဲ့​သို့ သူ​၏​ကိုယ်​ခန္ဓာ​ထဲ​သို့​လည်း​ကောင်း၊ဆီ​ကဲ့​သို့ သူ​၏ အ​ရိုး​များ​ထဲ​သို့​လည်း​ကောင်း​စိမ့်​ဝင်​ပါ စေ​သော။


ယင်း​ကျိန်​ဆဲ​ချက်​တို့​သည်​အ​ထည်​အ​ဝတ်​ကဲ့​သို့ သူ့​ကို​ဖုံး​လွှမ်း​၍​ခါး​ပတ်​သ​ဖွယ်​သူ့​ကို​အ​စဉ် အ​မြဲ ပတ်​၍​ထား​ပါ​စေ​သော။


ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဂုဏ်​အ​သ​ရေ ပျက်​ရ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​အ​ရှက်​နှင့်​မိ​မိ​တို့​ကိုယ်​ကို ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​ရ​ကြ​ပါ​စေ​သော။


ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည် မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။ မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟု ပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။


ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။


သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။


သင်​သည်​သူ​တို့​၏​ပြု​မူ​လုပ်​ဆောင်​ချက် များ​ကို​မြင်​သော​အ​ခါ ငါ​သည်​အ​ဘယ် အ​မှု​ကို​မျှ​အ​ကြောင်း​မဲ့​ပြု​တော်​မ​မူ တတ်​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​နား​လည် လာ​လိမ့်​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။


``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-


``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။-


ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။


``အို ဣ​သ​ရေ​လ​နိုင်​ငံ၊ သင်​ပျက်​သုဉ်း​ရာ​အ​ချိန် ကျ​ပြီ။ သင်​ပြု​ခဲ့​သော​အ​မှု​များ​အ​တွက် ငါ သည်​သင့်​အား​တ​ရား​စီ​ရင်​ပြီ​ဖြစ်​၍ သင်​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။ သင် ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​အ​ပေါင်း​၏ အ​ကျိုး​ဆက်​ကို​သင့်​အား​ငါ​ပေး​ဆပ်​မည်။-


ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ချိန်​ခြောက်​နှစ်​မြောက်၊ ဆ​ဋ္ဌ​မ​လ၊ ပဉ္စ​မ​နေ့​၌​ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည်​ငါ​၏​အိမ်​တွင်​ထိုင်​၍​ငါ​နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​စဉ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည်​ရုတ်​တ​ရက်​ငါ​၏​အ​ပေါ်​သို့​ကျ​ရောက်​လာ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဇိ​အုန်​တောင်​ပေါ်​တွင်​ကျိန်း​ဝပ်​တော်​မူ​ပေ​သည်။ ယေ​ရု​ရှ​လင်​မြို့​သည်​သန့်​ရှင်း​မြင့်​မြတ်​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို​မြို့​ကို​နောက်​တစ်​ဖန် အ​ဘယ်​အ​ခါ​၌​မျှ​နိုင်​နင်း​ရ​ကြ​လိမ့်​မည် မ​ဟုတ်။


သူ​တစ်​ပါး​အား​သင်​တို့​စစ်​ကြော​စီ​ရင်​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​စစ်​ကြော​စီ​ရင် တော်​မူ​မည်။ သူ​တစ်​ပါး​တို့​အား​စီ​ရင်​ရာ​တွင် သင်​တို့​အ​သုံး​ပြု​သည့်​နည်း​အ​တိုင်း သင်​တို့ အား​စီ​ရင်​တော်​မူ​မည်။-


ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ