Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 33:33 - Common Language Bible

33 သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 သို့ ရာ တွင်၊ အ တည် ဖြစ် မည့် ထို ဗျာ ဒိတ် အ တိုင်း ဖြစ် ပျက် သည့် ကာ လ၊ ချင်း တို့ ဘောင် တွင် ပ ရော ဖက် တစ် ပါး ပေါ် ထွန်း သည် ကို၊ သိ မှတ် ရ ကြ လ တ္တံ့ ဟူ ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 သို့​ရာ​တွင်၊ အ​မှု​ရောက်​လိမ့်​မည်။ အ​မှု​ရောက်​သော​အ​ခါ သူ​တို့​တွင်​ပ​ရော​ဖက်​ရှိ​ဖူး​သည်​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 သို့သော် ထို​စကား​တို့ အမှန်​ဖြစ်လာ​သောအခါ​မှ သူ​တို့​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 33:33
9 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို ကြား​သိ​သော​အ​ခါ``အ​ဘယ်​ကြောင့်​အ​ရှင်​သည် ဤ​မျှ​စိတ်​အ​နှောက်​အ​ယှက်​ဖြစ်​တော်​မူ​ရ​ပါ သ​နည်း။ ဣသ​ရေ​လ​ပြည်​တွင်​ပ​ရော​ဖက်​ရှိ ကြောင်း​သိ​စေ​ရန် သူ့​အား​ငါ့​ထံ​သို့​လွှတ် လိုက်​ပါ​လော့'' ဟု​မင်း​ကြီး​အား​မှာ​လိုက်​လေ သည်။


သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။


သူ​တို့​သည်​ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သ​ဖြင့် သင်​၏​စ​ကား​ကို​နား​ထောင်​သည်​ဖြစ်​စေ၊ နား မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​ထဲ​တွင်​ပ​ရော ဖက်​တစ်​ပါး​ရှိ​သည်​ကို​မူ​သိ​ကြ​လိမ့်​မည်။


``အ​ချိန်​ကျ​၍​အီ​ဂျစ်​ပြည်​ပျက်​စီး​သွား သော​အ​ခါ ငါ​သည်​အ​မှု​မဲ့​အ​မှတ်​မဲ့​နေ သူ​ကု​ရှ​ပြည်​သား​တို့​အား တပ်​လှန့်​နှိုး ဆော်​ရန်​စေ​တ​မန်​တို့​ကို​သင်္ဘော​များ​ဖြင့် စေ​လွှတ်​မည်။ သူ​တို့​သည်​ကြောက်​ရွံ့​ထိတ် လန့်​သွား​ကြ​လိမ့်​မည်။ ထို​နေ့​ကား​နီး ကပ်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​လူ​တို့​အား​အ​ပြစ်​များ​အ​တွက်​ဒဏ် ခတ်​၍ သူ​တို့​၏​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ သို့​ရောက်​လာ​၏။-


အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ဖော်​ပြ​ခဲ့ သည့်​နေ့​ရက်​ကာ​လ​သည်​ဧ​ကန်​မု​ချ ကျ​ရောက်​အံ့။-


`သင်​တို့​အား​သ​တိ​ပေး​သည့်​အ​နေ​ဖြင့်​ငါ​တို့ ခြေ​တွင်​ကပ်​သည့်​သင်​တို့​မြို့​က​မြေ​မှုန့်​ကို​ငါ တို့​ခါ​ချ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​သင်​တို့​၏​အ​နီး​သို့​ရောက်​ရှိ​ပြီ​ဖြစ် ကြောင်း​ကို​သိ​မှတ်​ကြ​လော့၊-'


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ