ဟေရှာယ 9:8 - Common Language Bible8 ထာဝရဘုရားသည်ယာကုပ်၏သားမြေး များအပေါ်နှင့် ဣသရေလပြည်အပေါ်၌ တရားစီရင်ချက်ချမှတ်တော်မူလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible8 ယာ ကုပ် အ မျိုး သို့ အ ရှင် ဘု ရား စေ သော ဗျာ ဒိတ် တော် သည်၊ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် သက် ရောက် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဘုရားရှင်သည် နှုတ်ကပတ်တော်ကို ယာကုပ်ထံသို့ စေလွှတ်တော်မူမည်။ အစ္စရေးလူမျိုးအပေါ်သို့ သက်ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-