Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 9:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ဧဖရိမ်​အမျိုး​နှင့် ရှမာရိ​မြို့​၌​နေထိုင်​သော​လူ​အပေါင်း​တို့​သည် ကြားသိ​ကြ​လိမ့်မည်​။ သူ​တို့​သည် ခက်ထန်​မောက်မာ​သော​စိတ်​ဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ယင်း​သို့​ပြု​တော်​မူ​ကြောင်း​ကို​ရှ​မာ​ရိ​မြို့ တွင်​နေ​ထိုင်​သူ​မှန်​သ​မျှ​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​မှန်​သ​မျှ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ယ​ခု​အ​ခါ​သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား လျက်​စိတ်​ကြီး​ဝင်​လျက်​နေ​ကြ​၏။ သူ​တို့​က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9-10 အုတ် တိုက် များ ပြို သော် လည်း၊ ကျောက် ဆစ် ဖြင့် တည် ဆောက် ခြင်း။ ပိုး စာ သား ကျ သော် လည်း၊ သစ် က တိုး သား လဲ လှယ် ခြင်း၊ ပြု ဦး မည် ဟု မာ န မြင့် လျက် ထောင် လွှား သော ရှ မာ ရိ မြို့ တော်၊ ဧ ဖ ရိမ် ပြည် နေ ထိုင် သူ အ ပေါင်း တို့ သည် သိ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အုတ်​ရိုး​ပြို​သော်​လည်း၊ ဆစ်​သော​ကျောက်​နှင့် တည်​ပြန်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 9:9
23 ပူးပေါင်းရင်းမြစ်များ  

မိက္ခာယ​က​လည်း “​ကြည့်​ပါ​။ အခန်း​ထဲ သင်​ဝင်​ပုန်း​နေ​ရ​သော​နေ့​ရောက်​သောအခါ သိမြင်​ရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။


ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် မာနကြီး​ခြင်း​ဖြစ်​၏​။ ပြိုလဲ​ခြင်း​၏​ရှေ့ပြေး​ကား ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။


စပျစ်ဝိုင်​သောက်ကြူးသူ​၊ သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် အမင်္ဂလာ​ရှိ​၏​။ မြေဆီမြေနှစ်​ကောင်း​သော​ချိုင့်ဝှမ်း​ထိပ်​မှ ဂုဏ်ကျက်သရေ​အလှ ညှိုးနွမ်း​သွား​သော​ပန်းပွင့်​သည် အမင်္ဂလာ​ရှိ​၏​။


သေသောက်ကြူး​သူ​ဧဖရိမ်​အမျိုး​တို့​၏​မာန​သရဖူ​သည် ခြေ​အောက်​၌ နင်းချေ​ခြင်း​ခံရ​လိမ့်မည်​။


စိတ်နှလုံး​မာကျော​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဖြောင့်မတ်​ခြင်း​နှင့်​ဝေး​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။


သင်​၏​လည်ပင်း​သည် သံချောင်း​ကဲ့သို့​၊ သင်​၏​နဖူး​သည် ကြေးဝါ​ကဲ့သို့​ဖြစ်၍ သင်​သည် ခေါင်းမာ​သော​သူ​ဖြစ်ကြောင်း ငါ​သိ​သောကြောင့်


“​ဆီးရီးယား​ပြည်​သည် ဧဖရိမ်​ပြည်​နှင့် မဟာမိတ်ဖွဲ့​သည်​”​ဟု ဒါဝိဒ်​အမျိုးအနွယ်​ကြားသိ​သောအခါ တော​ထဲမှ​သစ်ပင်​တို့​သည် လေတိုက်​၍​လှုပ်ခါ​သကဲ့သို့ အာခတ်​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့​၏​စိတ်နှလုံး​သည် လှုပ်ခါ​သွား​လေ​၏​။


ဘုရားရှင်​သည် နှုတ်ကပတ်တော်​ကို ယာကုပ်​ထံသို့ စေလွှတ်​တော်မူ​မည်​။ အစ္စရေး​လူမျိုး​အပေါ်​သို့ သက်ရောက်​စေ​တော်မူ​မည်​။


ကြည့်ရှု​တော်မူ​ပါ​။ မြို့​ကို​သိမ်းယူ​ရန် မြေကတုတ်​ကို တည်ဆောက်​ကြ​ပြီ​။ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ကြောင့် ဤ​မြို့​သည် တိုက်ခိုက်​လာ​သော​ခါလဒဲ​တပ်​၏​လက်​သို့ ရောက်​ရ​လိမ့်မည်​။ ကြည့်ရှု​တော်မူ​ပါ​။ မိန့်​တော်မူ​သည့်​အတိုင်း ဖြစ်လာ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​ပါ​၏​။


ထိုသို့ အီဂျစ်​ပြည်​ကို ဒဏ်ခတ်​သောအခါ​မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


သို့သော် ထို​စကား​တို့ အမှန်​ဖြစ်လာ​သောအခါ​မှ သူ​တို့​တွင် ပရောဖက်​ရှိ​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်မည်”​ဟု မိန့်ဆို​၏​။


ရှင်ဘုရင်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီး မင်းသား​တို့​သည်​လည်း စိတ်ပျက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ရ​လိမ့်မည်​။ ပြည်သူပြည်သား​တို့​၏​လက်​များ​သည်​လည်း တုန်ရီ​နေ​ကြ​လိမ့်မည်​။ သူ​တို့​ပြု​ခဲ့​သည့်​အတိုင်း သူ​တို့​ကို ငါ​ပြန်ပြု​မည်​။ သူ​တို့​အကျင့်အကြံ​အတိုင်း သူ​တို့​ကို ပြန်​စီရင်​မည်​။ သို့မှ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


သင့်​ကို သနားညှာတာ​မည်​မ​ဟုတ်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​ပြန်ပေးဆပ်​ရ​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​သည် သင်​နှင့်​မ​ကွာ ရှိ​နေ​လိမ့်မည်​။ ထိုမှ သင်​တို့​ကို​ဒဏ်ခတ်​သူ​မှာ ငါ​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ရ​မည်​။


အစ္စရေး​သည် သူ့​ကို​ဖန်ဆင်း​တော်မူ​သော​အရှင်​ကို မေ့လျော့​၍ ဘုံဗိမာန်​များစွာ​ကို တည်​လေ​ပြီ​။ ယုဒ​သည်​လည်း ခံတပ်​မြို့​များ​ကို တည်​လေ​ပြီ​။ သို့သော် ငါ​သည် ထို​မြို့​များ​အပေါ်​သို့ မီး​ကို​ကျရောက်​စေ​၍ ခံတပ်​မြို့​များ​ကို လောင်ကျွမ်း​စေ​မည်​။”


ဧဒုံ​ပြည်သား​တို့​က​လည်း “​ငါ​တို့ ဖျက်ဆီး​ခံရ​လျှင် ငါ​တို့​ပြန်လာ​၍ အပြိုအပျက်​တို့​ကို ပြန်လည်​တည်ဆောက်​မည်​”​ဟု ဆို​ကြ​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က​လည်း “​သူ​တို့ ပြန်လည်​တည်ဆောက်​လျှင် ငါ​ဖြိုဖျက်​မည်​။ သူ​တို့​ပြည်​သည် ဆိုးယုတ်​သော​ပြည်​၊ သူ​တို့​သည် ထာဝရဘုရား​၏​အမျက်​တော်​သင့်​ခြင်း​ကို ခံရ​သော​လူမျိုး​ဟု အစဉ်​အခေါ်​ခံရ​ကြ​လိမ့်မည်​။


ထာဝရဘုရား​က “သင်​တို့​သည် ငါ့​ကို​ဆန့်ကျင်​၍ မောက်မောက်မာမာ​ပြောဆို​ကြ​၏”​ဟု မိန့်ဆို​သော် သင်​တို့​က “အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ကို မည်သို့​ဆန့်ကျင်​ပြောဆို​ကြ​သနည်း”​ဟု ပြန်​၍​ပြောဆို​ကြ​၏​။


“ကြည့်ရှု​လော့​။ မီးဖို​မှ​မီးတောက်လောင်​သကဲ့သို့ မီးတောက်လောင်​သော​နေ့ရက်​ရောက်လာ​၍ မာနထောင်လွှား​သော​သူ​အပေါင်း​တို့​နှင့် ဆိုးယုတ်​သော​သူ​အပေါင်း​တို့​သည် ရိုးပြတ်​ကဲ့သို့ လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ ရောက်လာ​မည့်​ထို​နေ့ရက်​သည် သူ​တို့​ကို အကိုင်းအခက်​မှစ၍ အမြစ်​ပါ​မ​ကျန် လောင်ကျွမ်း​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ