ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
ဟေရှာယ 5:29 - Common Language Bible သူတို့၏ကြွေးကြော်သံသည်သားကောင်လိုက် သတ်ဆွဲယူကာ မိမိတို့လက်မှအဘယ်သူမျှ လုမယူနိုင်စေရန်မာန်ဖီတတ်သည့်ခြင်္သေ့တို့ ၏ဟောက်သံနှင့်တူ၏။ Garrad Bible ခြင်္သေ့ အို၊ ခြင်္သေ့ ပျို များ ကဲ့ သို့ ဟိန်း ဟောက် လျက်၊ အ မဲ ကို ဟိန်း မာရ် နှင့် ဘမ်း ကိုက်၍၊ ကယ် သူ မဲ့ ဆောင် သွား လျက်၊ Judson Bible သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ ဟောက်လျက် အကောင်ကိုဖမ်း၍ ဆောင်သွားကြလိမ့်မည်။ အဘယ်သူမျှ မကယ်မနုတ်ရ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့၏အော်ဟစ်သံသည် ခြင်္သေ့ဟိန်းဟောက်သံနှင့်တူ၏။ သူတို့သည် ခြင်္သေ့ပျိုကဲ့သို့ဟိန်းဟောက်မာန်ဖီလျက် သားကောင်ကိုဖမ်းပြီး ဆောင်ယူသွားလိမ့်မည်။ ကယ်မည့်သူမရှိ။ |
ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။ ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။ ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည် ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။
သို့ရာတွင်ယခုအခါကိုယ်တော်၏လူစုသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလေပြီ။ သူတို့အားအကျဉ်းထောင်အမှောင်ခန်းများတွင် သော့ခတ်၍ဝှက်ထားကြ၏။ ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိဘဲ သူတို့သည်တိုက်ခိုက်လုယက်ခြင်းကို ခံရကြလေသည်။
သင်တစ်သက်လုံးတိုင်ပင်ခဲ့သည့်နက္ခတ်ဆရာ တို့၏ အကြံပေးချက်သည်လည်း၊ ဤအတိုင်းပင်သင့်အားဖြစ်စေလိမ့်မည်။ ထိုသူအပေါင်းတို့သည်သင့်ကိုထားခဲ့၍ မိမိတို့သွားလိုရာသို့ထွက်သွားကြလိမ့်မည်။ သင့်ကိုကယ်ရန်မည်သူတစ်ယောက်မျှကျန်ရစ်ခဲ့ လိမ့်မည်မဟုတ်။''
ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
ခြင်္သေ့သဖွယ်ခိုအောင်းရာမှထွက်လာလေပြီ။ လူမျိုးတကာကိုဖျက်ဆီးမည့်သူသည် ထွက်ခွာလာလေပြီ။ သူသည်ယုဒပြည်ကိုဖျက်ဆီးရန်ထွက်ခွာလာ လေပြီ။ ယုဒမြို့တို့သည်ယိုယွင်းပျက်စီးလျက် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။
ငါသည်ယော်ဒန်မြစ်တစ်လျှောက်ရှိထူထပ် သောတောအုပ်ထဲမှ စိမ်းလန်းသောမြက်ခင်း ပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့သို့ထွက်လာ ပြီးလျှင် ဧဒုံအမျိုးသားတို့အားမိမိတို့ ပြည်မှထွက်ပြေးစေမည်။ ထိုနောက်ငါသည် ထိုနိုင်ငံကိုအုပ်စိုးရန်မင်းတစ်ပါးအား ရွေးချယ်ခန့်ထားမည်။ ငါနှင့်အဘယ်သူ ကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ်သူသည် ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ် မည်သောမင်းသည်ငါ့အားအတိုက်အခံ ပြုနိုင်မည်နည်း။-
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခြင်္သေ့များကိုက်သဖြင့် ကွဲလွင့်သွား သည့်သိုးများနှင့်တူကြ၏။ ဦးစွာပထမ အာရှုရိဘုရင်သည်သူတို့အားတိုက်ခိုက်၏။ ထိုနောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကသူတို့၏အရိုးများကိုတတိတိကိုက် ဖဲ့လေသည်။-
ဗာဗုလုန်အမျိုးသားတို့သည်ခြင်္သေ့များ ကဲ့သို့ဟောက်ကြ၏။ ခြင်္သေ့ငယ်များကဲ့သို့ ဟိန်းကြ၏။-
``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။
တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-
ခြင်္သေ့များခိုအောင်းရာသားရဲတွင်း၊ခြင်္သေ့ငယ် များကို အစာကျွေးရာ၊ ခြင်္သေ့ကြီးငယ်တို့ဘေးမဲ့လုံခြုံစွာလာ ရောက်ခိုလှုံရာ အရပ်နှင့်တူသောမြို့သည် ယခုအဘယ်မှာရှိသနည်း။
ထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။-
ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။ သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။ သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။
ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။ သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။''