နာဟုံ 2:11 - Common Language Bible11 ခြင်္သေ့များခိုအောင်းရာသားရဲတွင်း၊ခြင်္သေ့ငယ် များကို အစာကျွေးရာ၊ ခြင်္သေ့ကြီးငယ်တို့ဘေးမဲ့လုံခြုံစွာလာ ရောက်ခိုလှုံရာ အရပ်နှင့်တူသောမြို့သည် ယခုအဘယ်မှာရှိသနည်း။ အခန်းကိုကြည့်ပါ။Garrad Bible11 ကြောက် ရွံ့ ခြင်း ကင်း လျက် သား ငယ် များ နှင့် တ ကွ ခြင်္သေ့ နှင့် ခြင်္သေ့ မ တို့ သွား လာ ရာ ခြင်္သေ့ ပျို တို့ ကျက် စား ရာ ခြင်္သေ့ တို့ အောင်း ရာ အ ရပ် ကား အ ဘယ် မှာ နည်း။ အခန်းကိုကြည့်ပါ။Judson Bible11 ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျိုစားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာရှိသနည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ခြင်္သေ့ထီးတို့ ခိုအောင်းရာ၊ ခြင်္သေ့ပျိုတို့ ကျက်စားရာကား အဘယ်မှာနည်း။ ထိုနေရာသည် ခြင်္သေ့ထီး၊ ခြင်္သေ့မ၊ ခြင်္သေ့သားပေါက်တို့ကျင်လည်ရာအရပ်၊ ခြောက်လှန့်သူမရှိရာအရပ် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
``ငါထာဝရဘုရားသည်ယော်ဒန်မြစ်တစ် လျှောက်ရှိထူထပ်သောတောအုပ်ထဲမှ စိမ်းလန်း သောမြက်ခင်းပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့ သို့ထွက်လာပြီးလျှင် ဗာဗုလုန်မြို့သားတို့ အားမိမိတို့မြို့မှရုတ်တရက်ထွက်ပြေးစေ မည်။ ထိုနောက်ထိုမြို့ကိုအုပ်စိုးရန်ဘုရင် တစ်ပါးကိုငါရွေးချယ်ခန့်ထားမည်။ ငါနှင့် အဘယ်သူကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ် သူသည်ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ်မည်သောမင်းသည်ငါ့အားအတိုက် အခံပြုနိုင်မည်နည်း။-