သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
ဟေရှာယ 17:13 - Common Language Bible ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။- Garrad Bible ဗိုလ် ထု တို့ သည် ဝဲ ဩ ဃ ကဲ့ သို့၊ တ ခဲ နက် အ သံ ပေး သော် လည်း၊ အ ဆုံး အ မ တော် ကို ခံ ရ၍ ဝေး စွာ ပြေး သွား ကြ ရာ၊ လေ တိုက် သော တောင် ပေါ် ရှိ ဖွဲ ကဲ့ သို့ လည်း ကောင်း၊ လေ ဗွေ ဝှေ့ သော အ မှိုက် ကဲ့ သို့ လည်း ကောင်း၊ လိုက် လံ ခံ ရ သည် နှင့်၊ Judson Bible အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့လည်းကောင်း၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။ |
သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့် သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
ကိုယ်တော်ရှင်သည်ပင်လယ်ရေမြည်ဟည်းသံနှင့် လှိုင်းလုံးသံတို့ကိုငြိမ်သက်စေတော်မူပါ၏။ လူတို့ရုန်းရင်းဆန်ခတ်သံများကိုလည်း ငြိမ်သက်စေတော်မူပါ၏။
ကိုယ်တော်ရှင်ပြတော်မူသော နိမိတ်လက္ခဏာများကြောင့်ကမ္ဘာမြေတစ်ဝန်းလုံးရှိ လူတို့သည်ကြောက်လန့်ကြပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသည့်အမှုအရာများကြောင့် ကမ္ဘာမြေကြီးတစ်စွန်းမှတစ်စွန်းသို့တိုင်အောင် ရွှင်လန်းဝမ်းမြောက်သည့်ကြွေးကြော်သံများ ထွက်ပေါ်လာပါ၏။
ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။
ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။-
လူတို့သည်မိမိတို့အားခုတ်ရန်အသင့် ရှိသည့်ဋ္ဌားများ၏ဘေးမှလည်းကောင်း၊ ပစ်ရန်အသင့်ရှိသည့်လေးမြားတို့၏ဘေး မှလည်းကောင်း၊ စစ်ဘေးအန္တရာယ်ဟူသမျှမှ လည်းကောင်းလွတ်မြောက်ရန်ထွက်ပြေးလျက် ရှိကြ၏။
ကိုယ်တော်သည်သင့်အားလောက်စာသဖွယ် လုံး၍ ပိုမိုကျယ်ဝန်းသောပြည်သို့ပစ်ထုတ် တော်မူလိမ့်မည်။ သင်သည်ထိုပြည်တွင် မိမိ ဂုဏ်ယူဝါကြွားသည့်စစ်ရထားများအနီး တွင်သေရလိမ့်မည်။ သင်သည်မိမိအရှင်၏ နန်းတော်ကို အသရေယုတ်စေလိမ့်မည်။-
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
ကိုယ်တော်သည်လေပြင်းကိုတိုက်ခတ်စေ တော်မူလိမ့်မည်။ ထိုလေသည်အရာခပ်သိမ်း ကိုမြောပါသွားစေတတ်သည့်မြစ်ရေလျှံ သကဲ့သို့လူမျိုးတကာကိုဆုံးပါးပျက်စီး စေ၍၊ သူတို့၏ဆိုးညစ်သောအကြံအစည် များကိုပျက်ပြားစေလိမ့်မည်။-
ထိုသတ္တဝါအသီးသီးတို့အားမြေကြီး ပေါ်တွင် နယ်မြေခွဲဝေသတ်မှတ်ပေးတော် မူသောအရှင်ကားထာဝရဘုရားတည်း။ သူတို့သည်အမျိုးစဉ်ဆက်ထိုနယ်မြေများ တွင်နေရကြလိမ့်မည်။ ယင်းတို့ကိုလည်း ထာဝစဉ်ပိုင်ရကြလိမ့်မည်။
ထာဝရဘုရား၏ရှေ့တော်၌လူမျိုးတကာ တို့သည် ဘာမျှမဟုတ်ပါ။ သူတို့သည်ရေစက်တစ်စက်ကဲ့သို့သာ ဖြစ်ပေသည်။ ရပ်ဝေးရှိကျွန်းတို့သည်လည်းမြူမှုန်တမျှ သာလျှင် အလေးချိန်စီးကြ၏။
သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။
အို ငါ၏လူမျိုးတော်၊သင်တို့ကိုအမျက်ထွက်သော သူတို့သည်အသရေပျက်၍အရှက်ကွဲကြ လိမ့်မည်။ သင်တို့အားတိုက်ခိုက်သူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။
ငါထာဝရဘုရားသည်အာရှုရိဘုရင်နှင့် သူ၏တပ်သားများအားခေါ်ယူ၍ ယုဒပြည် ကိုတိုက်ခိုက်စေမည်။ သူတို့သည်ဥဖရတ် မြစ်ရေလျှံသကဲ့သို့ကျယ်ပြန့်စွာချီတတ် လာကြလိမ့်မည်။-
ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။
သို့ဖြစ်၍ဤသူတို့သည်နံနက်ခင်းတွင် ကျတတ်သောနှင်းကဲ့သို့လည်းကောင်း၊ နံနက် စောစောအချိန်တွင်ကွယ်ပျောက်တတ်သော နှင်းပေါက်ကဲ့သို့လည်းကောင်းပျောက်ကွယ် ရကြလိမ့်မည်။ သူတို့သည်ကောက်နယ်တ လင်းမှလေတိုက်၍လွင့်လာသောဖွဲကဲ့သို့ လည်းကောင်း၊ ခေါင်းတိုင်မှထွက်သောမီးခိုး ကဲ့သို့လည်းကောင်းလွင့်ပျောက်ရကြလိမ့်မည်။
သင်တို့သည်ပန်းသဖွယ်ညှိုးနွမ်းခြောက်သွေ့ လျက်ခန္ဓာမရွေ့မီ၊ သင်တို့အပေါ်သို့ ထာဝရဘုရား၏အမျက်တော်မသက် ရောက်မီ၊ ကိုယ်တော်အမျက်ထွက်တော်မူ ရာကာလမကျရောက်မီအမြင်မှန်ရ ကြလော့။-