Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 8:7 - Common Language Bible

7 ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဘု​ရင်​နှင့် သူ​၏​တပ်​သား​များ​အား​ခေါ်​ယူ​၍ ယု​ဒ​ပြည် ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​ဥ​ဖ​ရတ် မြစ်​ရေ​လျှံ​သ​ကဲ့​သို့​ကျယ်​ပြန့်​စွာ​ချီ​တတ် လာ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အာ ရှု ရိ ဘု ရင် မှ စ၍၊ အ လုံး အ ရင်း တည်း ဟူ သော၊ သန် မြန် လျက် များ ပြား သည့် မြစ် ရေ ဘေး ကို ထို လူ မျိုး အ ပေါ် တွင် အ ရှင် ဘု ရား သင့် ရောက် စေ တော် မူ သ ဖြင့်၊ ရေ စီး ရေ ချောင်း ရှိ သ မျှ နှင့် ကမ်း ရှိ သ မျှ ကို ပြည့် လျှံ လွှမ်း မိုး ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထာ​ဝ​ရ​ဘု​ရား​သည် အ​လုံး​အ​ရင်း​ပါ​သော အာ​ရှု​ရိ​ရှင်​ဘု​ရင်​တည်း​ဟူ​သော၊ ခွန်​အား​ဗ​လ​ကြီး၍ များ​သော​မြစ်​ရေ​နှင့် သူ​တို့​ကို လွှမ်း​မိုး​စေ​တော်​မူ​သ​ဖြင့်၊ ထို​မြစ်​သည် မိ​မိ​ချောင်း​များ​ကို လွှမ်း၍၊ မိ​မိ​ကမ်း​များ​ကို​လျှံ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ကြည့်ရှု​လော့​။ ဘုရားရှင်​သည် အဆီးရီးယား​ဘုရင်​နှင့် သူ​၏​အင်အား​ရှိသမျှ​တည်းဟူသော အဟုန်ပြင်း​၍​များပြား​သော မြစ်​ရေ​တို့​ကို သူ​တို့​ထံ​ရောက်​စေ​တော်မူ​မည်​။ မြစ်ချောင်း​၊ ကမ်းပါး​ရှိသမျှ​ကို ဖုံးလွှမ်း​လျှံတက်​သွား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 8:7
38 ပူးပေါင်းရင်းမြစ်များ  

သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။-


``အာ​ရှု​ရိ​ဧ​က​ရာဇ်​မင်း​၏​အ​ကြောင်း​နှင့်​ပတ် သက်​၍ ထာ​ဝ​ရ​ဘု​ရား​က`သူ​သည်​ဤ​မြို့​သို့ ဝင်​ရ​မည်​မ​ဟုတ်။ မြို့​ထဲ​သို့​လည်း​မြား​တစ် လက်​မျှ​ပစ်​လွှတ်​ရ​မည်​မ​ဟုတ်။ မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ရန်​မြေ​က​တုတ်​များ​ကို​လည်း​ဖို့ လုပ်​ရ​မည်​မ​ဟုတ်။-


ရှ​မာ​ရိ​မြို့​နှင့်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ရှိ​ပြည်​နယ် သို့​ပြောင်း​ရွှေ့​နေ​ထိုင်​စေ​ရန်​တန်​ခိုး​ကြီး​မား​သည့်​အာ​သ​နပ္ပါ​မင်း​စေ​လွှတ်​လိုက်​သည့်​အ​ခြား​ပြည်​သူ​များ​ထံ​မှ''


ဘု​ရား​သ​ခင်​၏​မြို့​တော်​တည်း​ဟူ​သော အ​မြင့်​မြတ်​ဆုံး​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​သာ​ယာ​ရွှင်​လန်း​စေ​သော မြစ်​ရှိ​၏။


မင်း​ကြီး​သည်​ပင်​လယ်​တစ်​ပြင်​မှ​တစ်​ပြင် တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​မှ​မြေ​ကြီး​စွန်း​တိုင်​အောင် လည်း​ကောင်း အုပ်​စိုး​လိမ့်​မည်။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု အ​ခါ​ဝ​လင်​စွာ​စား​ရ​ကြ​သူ​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် အ​နာ​ရော​ဂါ​ကပ်​ရောက်​စေ​တော် မူ​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​အ​တွင်း​ပိုင်း သည်​မီး​ကဲ့​သို့​အ​ဆက်​မ​ပြတ်​ပူ​လောင်​၍ နေ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``အို အာ​ရှု​ရိ​အ​မျိုး​သား တို့၊ ငါ​အ​မျက်​ထွက်​သော​သူ​တို့​အား​အာ​ရှု​ရိ အ​မျိုး​သား​တို့​ကို​တင်း​ပုတ်​အ​ဖြစ်​ဖြင့်​ငါ အ​သုံး​ပြု​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပူ​ကို​တိုက်​စေ​၍ စူး​အက်​ပင်​လယ်​ကွေ့​နှင့်​ဥ​ဖ​ရတ်​မြစ်​တို့​ကို ခန်း​ခြောက်​စေ​တော်​မူ​ပြီး​လျှင် မည်​သူ​မ​ဆို လမ်း​လျှောက်​ကျော်​ဖြတ်​နိုင်​သည့်​ချောင်း​ငယ် က​လေး​ခု​နစ်​ခု​သာ​လျှင် ကျန်​ရှိ​စေ​တော် မူ​လိမ့်​မည်။-


သင်​တို့​သည်​သေ​မင်း​နှင့်​မ​ဟာ​မိတ်​စာ​ချုပ် ချုပ်​ဆို​ထား​ပြီ​ဟူ​၍​လည်း​ကောင်း၊ မ​ရ​ဏ နိုင်​ငံ​နှင့်​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ပြီ​ဟူ​၍ လည်း​ကောင်း​ကြွား​ဝါ​တတ်​ကြ​၏။ သင်​တို့ သည်​လိမ်​လည်​လှည့်​စား​မှု​များ​ကို​အ​မှီ သ​ဟဲ​ပြု​ကာ​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရှာ​သူ များ​ဖြစ်​သ​ဖြင့် ဘေး​အန္တ​ရာယ်​ကျ​ရောက် ချိန်​၌​လည်း​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့် မည်​ဟု​စွဲ​မှတ်​ယုံ​ကြည်​ကြ​လေ​သည်။-


ထို​အုတ်​မြစ်​အ​တွက်​တရား​မျှ​တ​မှု​ကို တံ​မျဉ်း​ကြိုး၊ ရိုး​သား​ဖြောင့်​မှန်​မှု​ကို​ချိန် သီး​ကြိုး​အ​ဖြစ်​အ​သုံး​ပြု​မည်။ ထို​ကြောင့်​ငါ​သည်​မိုး​သီး​မုန်​တိုင်း​သ​ဖွယ် သင်​တို့​၏​အ​မှီ​သ​ဟဲ​ဖြစ်​သည့်​လိမ်​လည် မှု​များ​ကို သိမ်း​ကျုံး​ဖယ်​ရှား​ကာ​မြစ်​လျှံ ရေ​ကဲ့​သို့ သင်​တို့​၏​လုံ​ခြုံ​မှု​ကို​လည်း​လွှမ်း မိုး​ပျက်​ပြား​စေ​တော်​မူ​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​တိုက်​ခိုက် စေ​ရန် တန်​ခိုး​ခွန်​အား​ကြီး​မား​သူ​တစ်​ဦး ကို​အ​သင့်​ထား​ရှိ​တော်​မူ​၏။ ထို​သူ​သည် မိုး​သီး​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ပြင်း​သည့်​မိုး​ကဲ့​သို့​လည်း​ကောင်း၊ ထိန်း​ချုပ် ၍​မ​ရ​နိုင်​သည့်​မြစ်​လျှံ​ရေ​ကဲ့​သို့​လည်း ကောင်း တစ်​ပြည်​လုံး​ကို​လွှမ်း​ခြုံ​နှိမ်​နင်း ပစ်​လိမ့်​မည်။-


သင်​တို့​သည်​ရေ​နက်​ထဲ​သို့​လျှောက်​သွား​ရ​သော​အ​ခါ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​မည်။ ဆင်း​ရဲ​ဒုက္ခ​များ​သည်​သင်​တို့​ကို​လွှမ်း​မိုး ရ​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​မီး​ထဲ​သို့​လျှောက်​သွား​ရ​သော အ​ခါ မီး​အ​လောင်​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ ပြင်း​ထန်​သော​စုံ​စမ်း​ခြင်း​များ​သည်​သင်​တို့​ကို ထိ​ခိုက်​နစ်​နာ​စေ​လိမ့်​မည်​မ​ဟုတ်။


အ​ရှေ့​မျက်​နှာ​မှ​သည်​အ​နောက်​မျက်​နှာ​သို့ တိုင်​အောင် လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ နာ​မ​တော်​နှင့်​ဘုန်း​တန်​ခိုး​တော်​တို့​ကို​ကြောက် ရွံ့​လေး​စား​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​အ​ရှိန် ပြင်း​သည့်​ချောင်း​ရေ​ကဲ့​သို့​လည်း​ကောင်း၊ အ​ဟုန် ကြီး​သည့်​လေ​ကဲ့​သို့​လည်း​ကောင်း​ကြွ​လာ တော်​မူ​လိမ့်​မည်။


``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။


``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​ဥ​ဖ​ရတ်​မြစ်​တစ်​ဖက်​ကမ်း​မှ အာ​ရှု​ရိ​ဘု​ရင်​တည်း​ဟူ​သော​ဆံ​ပင်​ညှပ် သ​မား​ကို​ငှား​၍​သင်​တို့​၏​မုတ်​ဆိတ်​များ ကို​လည်း​ကောင်း၊ ဆံ​ပင်​နှင့်​ကိုယ်​မွေး​များ ကို​လည်း​ကောင်း​ရိတ်​စေ​တော်​မူ​လိမ့်​မည်။


ကိုယ်​တော်​က၊ ``ကြည့်​ရှု​လော့။ မြောက်​အ​ရပ်​တွင်​ရေ​တက် လျက် ရေ​လျှံ​မြစ်​ကဲ့​သို့​စီး​ဆင်း​လာ​လိမ့်​မည်။ ထို​ရေ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မြေ​ကြီး ပေါ်​တွင် ရှိ​သ​မျှ​သော​အ​ရာ​များ၊မြို့​များ​နှင့် မြို့​သူ​မြို့​သား​များ​ကို​လွှမ်း​မိုး​ကြ​လိမ့်​မည်။ လူ​တို့​သည်​ကယ်​ရန်​ဟစ်​ခေါ်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ပြင်း​ပြ​စွာ ငို​ကြွေး​ကြ​လိမ့်​မည်။


ပင်​လယ်​ရေ​သည်​ဗာ​ဗု​လုန်​ပြည်​ပေါ်​သို့ လှိမ့်​တက်​ကာ​လှိုင်း​တံ​ပိုး​များ​ဖြင့်​ဖုံး လွှမ်း​လိုက်​လေ​ပြီ။-


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား လူ​သူ​မ​နေ​သည့်​မြို့​ပျက်​များ​ကဲ့​သို့​ဖြစ်​စေ မည်။ သမုဒ္ဒ​ရာ​ရေ​ကို​ယူ​ဆောင်​ခဲ့​၍ ပင်​လယ်​ရေ ဖြင့်​ဖုံး​လွှမ်း​စေ​မည်။-


``ဆီး​ရီး​ယား​ဘု​ရင်​၏​သား​တော်​တို့​သည် စစ်​တိုက်​ရန် ပြင်​ဆင်​ကြ​လျက်​တပ်​ကြီး​တစ် တပ်​ကို​စု​ရုံး​ကြ​လိမ့်​မည်။ သူ​တို့​အ​နက်​မှ မင်း​သား​တစ်​ပါး​သည်​မြစ်​လျှံ​ရေ​ကဲ့​သို့ ချီ​တက်​လာ​ကာ ရန်​သူ့​ခံ​တပ်​တစ်​ခု​ကို တိုက်​ခိုက်​လိမ့်​မည်။-


သူ့​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​သည်​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​မင်း​ပင်​ဖြစ်​စေ​ကာ မူ ဖျက်​ဆီး​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-


ထို​ကာ​လ​သီ​တင်း​နှစ်​ခြောက်​ဆယ့်​နှစ်​နှစ် ကုန်​ဆုံး​ချိန်​၌ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော် မူ​သော​ခေါင်း​ဆောင်​သည် မ​တ​ရား​လုပ်​ကြံ သတ်​ဖြတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ခြား အ​ရပ်​မှ​ချင်း​နင်း​ဝင်​ရောက်​လာ​သူ တန်​ခိုး ကြီး​မင်း​တစ်​ပါး​၏​စစ်​သည်​ဗိုလ်​ခြေ​တို့ သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ နောက်​ဆုံး​၌​ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​တော်​မူ​သည်​အ​တိုင်း စစ်​မှု​နှင့်​ပျက်​စီး​မှု​တို့​သည်​ရေ​လွှမ်း​မိုး သ​ကဲ့​သို့​ဖြစ်​ပွား​ရ​လိမ့်​မည်။-


ဤ​ပြစ်​မှု​များ​ကြောင့်​မြေ​င​လျင်​ကြီး​လှုပ်​ခါ တစ်​ပြည်​လုံး​ရှိ​ပြည်​သူ​မှန်​သ​မျှ​ဝမ်း​နည်း​ပူ ဆွေး​ရ​ကြ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီဂျစ်​ပြည် မှ​နိုင်း​မြစ်​ကဲ့​သို့​တက်​၍​ကျ​၍​ဆတ်​ဆတ် ခါ​အောင်​တုန်​လှုပ်​သွား​လိမ့်​မည်။-


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊ မြေ​င​လျင်​ကြီး​လှုပ်​သည်။ မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။


ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။


ထို​ဘု​ရင်​ကြွ​လာ​သော​အ​ခါ​သူ​သည် ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ရ​သော​အ​စွမ်း​သတ္တိ​နှင့် လည်း​ကောင်း၊ သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ဘုန်း​တန်​ခိုး​တော်​နှင့်​လည်း​ကောင်း မိ​မိ​၏​လူ​စု​ကို​အုပ်​စိုး​လိမ့်​မည်။ ကမ္ဘာ​တစ် ဝှမ်း​လုံး​တွင်​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် သူ ၏​ကြီး​မြတ်​တော်​မူ​ခြင်း​ကို​ဝန်​ခံ​ကြ သ​ဖြင့် သူ​၏​လူ​မျိုး​တော်​သည်​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။-


တိုင်း​ပြည်​သည်​လည်း​ငြိမ်း​ချမ်း​သာ​ယာ လိမ့်​မည်။ အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​ငါ​တို့​၏​နိုင်​ငံ ကို​တိုက်​ခိုက်​၍ ငါ​တို့​၏​ခံ​တပ်​များ​ကို​ချိုး ဖောက်​ဝင်​ရောက်​ကြ​သော​အ​ခါ၊ ငါ​တို့​တွင် ခွန်​အား​ကြီး​သော​ခေါင်း​ဆောင်​များ​ကို​စေ လွှတ်​၍ ရန်​သူ​တို့​ကို​ခု​ခံ​တိုက်​ခိုက်​မည်။-


ကိုယ်​တော်​သည်​အ​ရှိန်​ပြင်း​စွာ​လွှမ်း​မိုး​သည့် မြစ်​ရေ​ကဲ့​သို့​ရန်​သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​၏။ မိ​မိ​ကို​အ​တိုက်​အ​ခံ​ပြု​သူ​တို့​အား သေ​ရွာ​သို့ ပို့​ဆောင်​တော်​မူ​၏။


ထို​သူ​သည်​မြေ​ကို​နက်​စွာ​တူး​ပြီး​မှ​ကျောက်​ပေါ် တွင်​အုတ်​မြစ်​ချ​၍​အိမ်​ကို​တည်​ဆောက်​သူ​နှင့်​တူ ၏။ ရေ​ကြီး​သော​အ​ခါ​မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို တိုက်​ခတ်​လေ​၏။ သို့​သော်​ရေ​အ​ဟုန်​သည်​အိမ်​ကို မ​လှုပ်​ရှား​စေ​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အိမ် ကို​ခိုင်​ခန့်​စွာ​တည်​ဆောက်​ထား​သော​ကြောင့်​ဖြစ်​၏။-


ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ပြည့် တန်​ဆာ​မ​ထိုင်​လျက်​နေ​သည့်​ရေ​သည်​တိုင်း​နိုင်​ငံ များ​ရှိ​ဘာ​သာ​စကား​အ​မျိုး​မျိုး​ကို​ပြော​သော လူ​မျိုး​များ၊ ပြည်​သူ​ပြည်​သား​များ​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ