Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 22:18 - Common Language Bible

18 ကိုယ်​တော်​သည်​သင့်​အား​လောက်​စာ​သ​ဖွယ် လုံး​၍ ပို​မို​ကျယ်​ဝန်း​သော​ပြည်​သို့​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။ သင်​သည်​ထို​ပြည်​တွင် မိ​မိ ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စစ်​ရ​ထား​များ​အ​နီး တွင်​သေ​ရ​လိမ့်​မည်။ သင်​သည်​မိ​မိ​အ​ရှင်​၏ နန်း​တော်​ကို အ​သ​ရေ​ယုတ်​စေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဗ လီ လုံး ကဲ့ သို့ ကျယ် ဝန်း သော ပြည် တိုင် အောင်၊ တ လိမ့် လိမ့် လှိမ့် တော် မူ မည်။ ကိုယ့် သ ခင် ဆွေ တော်၊ မျိုး တော် ကို အ ရှက် ခွဲ သော သင် သည်၊ ထို အ ရပ်၌ ပင် အ သ ရေ ဆောင် ရ ထား များ ပါ လျက်၊ သေ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 တ​လိမ့်​လိမ့် လှိမ့်​လျက်၊ လောက်​လွှဲ​စာ​ကဲ့​သို့ ကျယ်​သော​ပြည်​သို့ ပစ်​လိုက်​တော်​မူ​လိမ့်​မည်။ သင်​သည် ထို​ပြည်၌ သေ​ရ​လိမ့်​မည်။ ထို​ပြည်၌​လည်း သင်၏ ကျက်​သ​ရေ​ရ​ထား​တို့​သည်၊ သင့်​အ​ရှင်၏​အ​မျိုး အ​ရှက်​ကွဲ​စ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဘောလုံး​ကို လှိမ့်​သကဲ့သို့ ကျယ်​သော​ပြည်​သို့ သင့်​ကို အရှိန်​နှင့်​လှိမ့်​တော်မူ​မည်​။ သင်​သည် ထို​ပြည်​၌ သေ​ရ​မည်​။ ဂုဏ်သရေ​ရှိ​သော သင်​၏​စစ်ရထား​တို့​သည် သင့်​သခင်​တို့​၏​အမျိုးအနွယ်​အတွက် ထို​ပြည်​၌ အရှက်ကွဲစရာ​ဖြစ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 22:18
5 ပူးပေါင်းရင်းမြစ်များ  

သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။


သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင့်​အား​ထာ​ဝ​စဉ် ပြို​လဲ​စေ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင့်​ကို​နေ​အိမ်​မှ​ဆွဲ​ထုတ် တော်​မူ​လိမ့်​မည်။ သင့်​ကို​သက်​ရှင်​နေ​သူ​တို့​နေ​ထိုင်​ရာ​လူ့​ပြည်​မှ ဖယ်​ရှား​တော်​မူ​လိမ့်​မည်။


ထို​နိုင်​ငံ​သား​တို့​သည်​လှိုင်း​လုံး​များ​သ​ဖွယ် တစ်​ဟုန်​တည်း​ရှေ့​သို့​ချီ​တက်​လာ​ကြ​၏။ သို့ ရာ​တွင်​ဘု​ရား​သ​ခင်​က​သူ​တို့​အား​ဖြင့် ပြင်း ပြင်း​ထန်​ထန်​မိန့်​ကြား​ဆုံး​မ​တော်​မူ​သော အ​ခါ​သူ​တို့​သည်​တောင်​နံ​ရံ​မှ​မြေ​မှုန့်​များ ကဲ့​သို့​လည်း​ကောင်း၊ လေ​ဗွေ​တွင်​လွင့်​ပါ​သွား သည့်​ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဆုတ်​ပြေး​ကြ ကုန်​၏။-


သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-


ထို​သို့​ဆို​သော​ကြောင့်​သင့်​ကို​ထာ​ဝ​ရ ဘု​ရား​က ဤ​သို့​မိန့်​တော်​မူ​ပြီ။ `သင်​၏ မ​ယား​သည်​ပြည့်​တန်​ဆာ​ဘ​ဝ​သို့​ရောက် သွား​ရ​မည်။ သင်​၏​သား​သ​မီး​များ​သည် လည်း​စစ်​ပွဲ​၌​ကျ​ဆုံး​ရ​လိမ့်​မည်။ သင်​ပိုင် သော​မြေ​ယာ​များ​ကို​ခွဲ​ဝေ​ကာ​သူ​တစ်​ပါး လက်​သို့​ပေး​အပ်​လိုက်​မည်။ သင်​ကိုယ်​တိုင်​သည် မိစ္ဆာ​နိုင်​ငံ​တစ်​ခု​၌​သေ​ဆုံး​ရ​မည်။ ဣ​သ​ရေ​လ ပြည်​သား​သည်​မိ​မိ​တို့​နေ​ရင်း​နိုင်​ငံ​မှ တိုင်း တစ်​ပါး​သို့​ချုပ်​နှောင်​သွား​ခြင်း​ကို​ခံ​ရ ကြ​မည်' ''ဟု​အာ​မ​ဇိ​အား​ပြန်​၍​ဆို လိုက်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ