ဟေရှာယ 29:5 - Common Language Bible5 အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible5 သို့ ရာ တွင် သင့် ရန် သူ တို့ အ လုံး အ ရင်း သည်၊ အာ ဏု မြူ ကဲ့ သို့ လည်း ကောင်း၊ ကြမ်း ကြုတ် သူ တို့ အ လုံး အ ရင်း လည်း၊ လွင့် ပျောက် တတ် သော မုန် ကာ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ကြ လိမ့် မည်။ ဆော ဆော လျင် လျင် တ မ ဟုတ် ခြင်း ပင်၊ အခန်းကိုကြည့်ပါ။Judson Bible5 သို့ရာတွင်၊ သင်၏ရန်သူ အလုံးအရင်းသည် အဏုမြူကဲ့သို့လည်းကောင်း၊ ကြောက်မက်ဖွယ်သောသူ အလုံးအရင်းသည် လွင့်သွားသော ဖွဲကဲ့သို့လည်းကောင်းဖြစ်၍၊ အလျင်တဆော ချက်ချင်း အမှုရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သို့သော် သင့်ရန်သူအလုံးအရင်းသည် ဖုန်မှုန့်ကဲ့သို့ဖြစ်မည်။ ကြမ်းကြုတ်သူအလုံးအရင်းသည် လွင့်မျောနေသောဖွဲကဲ့သို့ ဖြစ်မည်။ ထိုကဲ့သို့ ရုတ်ခြည်းဖြစ်မည်။ အခန်းကိုကြည့်ပါ။ |
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
ခြောက်သွေ့ရာဒေသတွင်မိုးခေါင်မှုနှင့် လည်းကောင်း၊ တူပါ၏။ သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ရန်သူများ၏အသံကို တိတ်စေတော်မူပါပြီ။ မိုးတိမ်သည်ပူအိုက်သည့်နေကိုအေးမြလာစေ သကဲ့သို့၊ ကိုယ်တော်ရှင်သည်ရက်စက်ကြမ်းကြုတ်သူတို့၏ အော်ဟစ်သံကိုတိတ်စေတော်မူပါ၏။
အီဂျစ်အမျိုးသားတို့သည်နတ်ဘုရားများ မဟုတ်။ သာမန်လူသားများသာလျှင်ဖြစ်ပါ သည်တကား။ သူတို့၏မြင်းများသည်လည်း နတ်မြင်းများမဟုတ်။ ထာဝရဘုရားအရေး ယူဆောင်ရွက်တော်မူသောအခါ ခွန်အားကြီး မားသည့်လူမျိုးသည်ကြေမွ၍သွားလိမ့်မည်။ အကူအညီရသည့်လူမျိုးသည်လည်းပြိုလဲ ၍သွားလိမ့်မည်။ ထိုလူမျိုးနှစ်မျိုးစလုံးပင် ဆုံးပါးပျက်စီးရလိမ့်မည်။
ယင်းတို့ကိုသင်တို့သည်လှေ့ကြလျက် လေများကတိုက်ခတ်ဆောင်ယူပြီးလျှင် မုန်တိုင်းများကလွင့်စင်သွားစေလိမ့်မည်။ သို့ရာတွင်ငါသည်သင်တို့၏ဘုရားဖြစ် တော်မူရကား၊ သင်တို့သည်ဝမ်းမြောက်ရွှင်လန်းရကြလိမ့် မည်။ သင်တို့သည်လည်းဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင် တည်း ဟူသောငါ့အားထောမနာပြုကြလိမ့်မည်။