Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 65:7 - Common Language Bible

7 ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 လှိုင်း တံ ပိုး ဟုန်း သံ၊ လူ စု တို့ ခြိမ်း သံ ကို ငြိမ် စေ တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သ​မု​ဒ္ဒ​ရာ​မြည်​သံ၊ လှိုင်း​တံ​ပိုး​ဟုန်း​သံ၊ လူ​တို့ ရုန်း​ရင်း​ခတ်​သံ​များ​ကို​လည်း ငြိမ်း​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ကိုယ်တော်​သည် သမုဒ္ဒရာ​တို့​၏​မြည်ဟည်းသံ​၊ ၎င်း​တို့​ထဲမှ​လှိုင်းတံပိုး​များ​၏​မြည်ဟည်းသံ​နှင့် တိုင်းသူပြည်သား​တို့​၏ အုတ်အော်သောင်းနင်း​ဖြစ်​ခြင်း​တို့​ကို ငြိမ်သက်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 65:7
17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​လေ​မုန်​တိုင်း​ကို​ရပ်​စဲ​စေ​တော် မူ​သ​ဖြင့် လှိုင်း​တံ​ပိုး​တို့​သည်​ငြိမ်သက်​လေ​၏။


ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​အ​မျက်​ထွက်​၍​ဟစ် အော်​သံ၊ ကိုယ်​တော်​ရှင်​အား​ရန်​ဘက်​ပြု​သူ​တို့​၏​အ​စဉ်​မ​ပြတ် အော်​သံ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။


လူ​တို့​၏​ဒေါ​သ​သည်​ကိုယ်​တော်​ရှင်​အား​ပို​၍ ထော​မ​နာ​ပြု​ခြင်း​အ​ကျိုး​ကို​ဖြစ်​ပေါ်​စေ​ပါ လိမ့်​မည်။ စစ်​ပွဲ​တွင်​မ​သေ​ဘဲ​အ​သက်​ရှင်​ကျန်​ရစ်​သူ​တို့​သည် ကိုယ်​တော်​၏​ပွဲ​တော်​များ​ကို​စောင့်​ထိန်း ကြ​ပါ​လိမ့်​မည်။


ကိုယ်​တော်​ရှင်​သည်​လှိုင်း​ကြီး​သည့်​ပင်​လယ်​ကို အ​စိုး​ရ​တော်​မူ​၍ ပြင်း​ထန်​သော​လှိုင်း​တံ​ပိုး​တို့​ကို​ငြိမ်း​စေ​တော်​မူ​ပါ။


ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍ တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။


ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​တော်​အား​ဖြင့် ပ​ထ​ဝီ​မြေ​ကြီး​ကို​ဖြစ်​ပေါ်​စေ​တော်​မူ၏။ ဉာဏ်​ပ​ညာ​တော်​ဖြင့်​လော​က​ဋ္ဌာတ်​ကို ဖန်​ဆင်း​တော်​မူ​၍ အ​သိ​ပ​ညာ​တော်​ဖြင့်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​တော်​မူ​၏။


ထို​နောက်​သူ​တို့​သည်​ယော​န​ကို​ပွေ့​ချီ​၍​ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။ ထို​အ​ခါ​ချက်​ချင်း​ပင် ပင်​လယ်​သည်​ငြိမ်​သက်​သွား​၏။-


သင်္ဘော​သည်​ပင်​လယ်​တွင်း​သို့​ရောက်​သွား​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပြင်း​မုန်​တိုင်း​ကြီး​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ထို​လေ​မုန်​တိုင်း​ကြီး​သည်​လွန်​စွာ​ပြင်း​ထန်​လှ​သ​ဖြင့်​သင်္ဘော​သည်​ပျက်​လု​မ​တတ်​ရှိ​လေ​၏။-


``ငါ​သည်​ထို​သူ​ပင်​ဖြစ်​၏'' ဟု​သ​ခင်​ယေ​ရှု မိန့်​တော်​မူ​သော​အ​ခါ​သူ​တို့​သည်​နောက်​သို့ ဆုတ်​ကာ​မြေ​ပေါ်​တွင်​လဲ​ကြ​၏။-


ပိ​လတ်​မင်း​က ``ငါ​ရေး​ပြီး​သည့်​အ​တိုင်း အ​တည်​ဖြစ်​စေ​ရ​မည်'' ဟု​ပြန်​ပြော​၏။


ဤ​သို့​ဆို​ပြီး​လျှင်​မြို့​စာ​ရေး​သည်​လူ​ပ​ရိ သတ်​တို့​အား ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​စေ လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ