ဟေရှာယ 17:12 - Common Language Bible12 တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 သ မု ဒ္ဒ ရာ လှိုင်း သံ ကဲ့ သို့၊ များ စွာ သော လူ မျိုး တို့ ကြိမ်း မောင် သံ၊ ပြင်း ထန် သော ဝဲ ဩ ဃ သံ ကဲ့ သို့၊ ဗိုလ် ထု တို့ တ ခဲ နက် အ သံ ပါ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible12 သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူများ အလုံးအရင်းတို့၌လည်းကောင်း၊ အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌လည်းကောင်းအမင်္ဂလာရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 အလို၊ လူမျိုးများစွာတို့၏မြည်ဟိန်းသံပါတကား။ သူတို့သည် သမုဒ္ဒရာမြည်ဟိန်းသကဲ့သို့ မြည်ဟိန်းကြ၏။ အလို၊ လူတို့၏မြည်ဟည်းသံပါတကား။ သူတို့သည် ရေလုံးကြီး၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။