ထိုသူတို့သည်အသိဉာဏ်ရှိသူမားမဟုတ်ပါ။ ကွန်တော်မျိုးမူကားကိုယ်တော်ရှင်၏တရားတော်ကို နှစ်သက်ပါ၏။
ဝတ်ပြု 3:3 - Common Language Bible ထို့နောက်နွား၏ဝမ်းတွင်းသားများရှိသမျှ အဆီ၊ ကျောက်ကပ်များနှင့်ကျောက်ကပ်အဆီ၊ အသည်းမှအကောင်းဆုံးအပိုင်းတို့ကိုထာ ဝရဘုရားအားပူဇော်ရမည်။- Garrad Bible မိတ် သ ဟာ ယ သ က္ကာ အ နက် ဝမ်း တွင်း၌ ဖုံး လွှမ်း သော ဆီ ဥ၊ အုပ် ရစ် သော ဆီ ဥ ရှိ သ မျှ ကျောက် ကပ် တစ် စုံ နှင့် ခါး စောင်း ရှိ ဆီ ဥ၊ ကျောက် ကပ် အ နီး မှ ခွာ ရ သော အ သည်း ဆိုင် ရာ အ ညှို့ များ ကို ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ အ ဖြစ် ဆက် ကပ် ပြီး မှ၊ Judson Bible အအူကို ဖုံးသောဆီဥ၊ မြန်မာ့စံမီသမ္မာကျမ်း သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်မှ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊ |
ထိုသူတို့သည်အသိဉာဏ်ရှိသူမားမဟုတ်ပါ။ ကွန်တော်မျိုးမူကားကိုယ်တော်ရှင်၏တရားတော်ကို နှစ်သက်ပါ၏။
ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။-
``သိုး၏အဆီ၊ အဆီရှိသောအမြီး၊ ဝမ်းတွင်း ဆီ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်ယင်း တို့ကိုဖုံးသောအဆီနှင့်ယာဘက်ပေါင်တို့ ကိုဖြတ်ယူရမည်။-
ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-
အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။-
သူသည်ယဇ်ပလ္လင်ပေါ်တွင်အပြစ်ဖြေရာ ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်ရမည်။-
ယဇ်ပုရောဟိတ်သည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ အဆီရှိသမျှတို့သည်ထာဝရ ဘုရားနှင့်ဆိုင်၏။-
ထိုသူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝ၌ နွား၏ဦးခေါင်းပေါ်တွင်လက် ကိုတင်၍နွားကိုသတ်ရမည်။ အာရုန်၏သား များဖြစ်ကြသောယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုပလ္လင်၏ဘေးလေးဘက် စလုံးပေါ်သို့ပက်ဖျန်းရမည်။-
ယဇ်ပုရောဟိတ်သည်မိတ်သဟာယယဇ်ပူဇော် ရာ၌ယဇ်ကောင်၏အဆီကိုမီးရှို့ပူဇော်သကဲ့ သို့ ထိုနွားမှအဆီကိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ပူဇော်ရမည်။-
မီးရှို့ရာယဇ်ပူဇော်သကာအနေနှင့် မိမိ လက်နှင့်ကိုယ်တိုင်ယူဆောင်ခဲ့ရမည်။ သူသည် ယဇ်ကောင်၏အဆီနှင့်တကွရင်ပုံသားကို ထာဝရဘုရားအတွက် အထူးပူဇော် သကာအဖြစ်ယူဆောင်ခဲ့ရမည်။-
ယဇ်ပုရောဟိတ်သည်အဆီရှိသမျှကိုယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤကား အပြစ်ဒဏ်ပြေရာထာဝရဘုရားအား ပူဇော်သကာဖြစ်သတည်း။-
ထိုနောက်သူသည်ထာဝရဘုရားက မောရှေ အားမိန့်မှာတော်မူသည့်အတိုင်း နွား၏အဆီ ကျောက်ကပ်များနှင့်အသည်းမှအကောင်းဆုံး အပိုင်းကို ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်လေ သည်။-
``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။-
`ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီးကူး ကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ သူတို့သည်လူ့ပညတ်များကိုဘုရားပေးပညတ် သဖွယ် သင်ကြားပို့ချကြ၏။
ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။
ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊-
ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။