ငါတို့သည်သူ့အားအနာတရဖြစ်စေမည့် အစားဣရှမေလအမျိုးသားတို့ထံ၌သူ့ ကိုရောင်းလိုက်ကြပါစို့။ သူသည်ငါတို့၏ညီ၊ ငါတို့၏သွေးသားပင်ဖြစ်သည်မဟုတ်လော'' ဟုဆိုလေ၏။ သူ၏ညီအစ်ကိုတို့ကလည်း သဘောတူကြ၏။-
ရောမ 7:14 - Common Language Bible ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။- Garrad Bible ပ ညတ် တ ရား တော် သည် ဝိ ညာဉ် တော် နှင့် စပ် ဆိုင် ကြောင်း ငါ တို့ သိ ကြ၏။ ငါ မူ ကား အ ပြစ် တ ရား အောက် ကျွန် ခံ သူ၊ ဇာ တိ သ ဘော အောက် နေ သူ ဖြစ် လေ စွ။ Judson Bible ထိုမှတစ်ပါး၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားသည် ဝိညာဉ်ရေးနှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်မှာမူ လူ့ဗီဇစိတ်နှင့်ဆိုင်သောသူဖြစ်ပြီး အပြစ်တရားထံ ရောင်းစားခြင်းခံရသူ ဖြစ်၏။ |
ငါတို့သည်သူ့အားအနာတရဖြစ်စေမည့် အစားဣရှမေလအမျိုးသားတို့ထံ၌သူ့ ကိုရောင်းလိုက်ကြပါစို့။ သူသည်ငါတို့၏ညီ၊ ငါတို့၏သွေးသားပင်ဖြစ်သည်မဟုတ်လော'' ဟုဆိုလေ၏။ သူ၏ညီအစ်ကိုတို့ကလည်း သဘောတူကြ၏။-
ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
စင်စစ်အားဖြင့်ကျွန်တော်သည်ဟေဗြဲအမျိုး သားတို့၏နိုင်ငံမှခိုးထုတ်ခြင်းကိုခံခဲ့ရပါ သည်။ ဤပြည်၌လည်းကျွန်တော်သည်အကျဉ်းခံ ထိုက်သည့်အဘယ်ပြစ်မှုကိုမျှမကူးလွန်ခဲ့ ရပါ'' ဟုဖလားတော်ဆက်ဝန်အားပြောလေ၏။
အာဟပ်သည်ဧလိယကိုမြင်သောအခါ``ငါ ၏ရန်သူ၊ သင်သည်ငါ့ကိုတွေ့ပြီလော'' ဟု မေး၏။ ဧလိယကလည်း``တွေ့ပြီ။ သင်သည်ထာဝရ ဘုရား၏မျက်နှာတော်တွင်ဒုစရိုက်ကို သာပြုလို၏။-
(ထာဝရဘုရား၏ရှေ့တော်မှောက်တွင် အာဟပ်ကဲ့ သို့ဒုစရိုက်ကိုလွန်ကဲစွာပြုသူတစ်ယောက်မျှ မရှိ။ သူပြုသောအမှုအရာမှန်သမျှမှာမိ ဖုရားယေဇဗေလ၏တိုက်တွန်းချက်အရ ဖြစ်သည်။-
သူတို့သည်မိမိတို့၏သားသမီးများကို မီးရှို့ရာယဇ်အဖြစ်ဖြင့် ရုပ်တုတို့အားပူဇော် ကြ၏။ နတ်ဝင်သည်များ၊ ဗေဒင်ဆရာများ နှင့်တိုင်ပင်ကာထာဝရဘုရား၏ရှေ့တော်တွင် မှားယွင်းသည့်အမှုများကိုသာလျှင်ပြု လုပ်သောအားဖြင့်ကိုယ်တော်၏အမျက်တော် ကိုလှုံ့ဆော်ကြ၏။-
ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
အရေးရှုံးနိမ့်၍ကွန်တော်မျိုးသည် မြေမှုန့်၌လဲလက်ရှိသဖြင့် ကတိတော်ရှိသည်အတိုင်းအသက်ရှင်စေတော် မူပါ။
ကိုယ်တော်ရှင်သည်သစ္စာတရားကို နှစ်သက်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး စိတ်နှလုံးကိုဉာဏ်ပညာဖြင့်ပြည့်ဝစေ တော်မူ၏။
ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``သင် တို့သည်ငွေဖြင့်ရောင်းချမှုကိုမခံရသော်လည်း ကျွန်ဘဝသို့ရောက်ရှိသွားကြ၏။ ထို့ကြောင့်သင် တို့အားရွေးနုတ်ရာတွင်လည်းအဖိုးငွေပေးရ လိမ့်မည်မဟုတ်။ သင်တို့သည်အခမဲ့လွတ်လပ် ခွင့်ကိုရရှိကြလိမ့်မည်။-
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊-
အနာသည်ပျောက်ကင်း၍တစ်ဖန်ဖြူလာ လျှင် သူသည်ယဇ်ပုရောဟိတ်ထံသို့သွား ရမည်။-
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ကြွေးမဆပ် နိုင်သောရိုးဖြောင့်သူများနှင့် ခြေနင်းတစ် ရံအတွက်ကိုမျှကြွေးမဆပ်နိုင်သော ဆင်းရဲသားတို့ကိုကျွန်အဖြစ်ရောင်းချ ကြသည်။-
ကိုယ်တော်သည်လှည့်၍ပေတရုအား ``အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည်ငါ့ အတွက်ဆူးငြောင့်ခလုတ်သဖွယ်ဖြစ်၏။ သင် သည်ဘုရားသခင်၏ရှုထောင့်ကမတွေး၊ လူ ၏ရှုထောင့်ကသာတွေး၏'' ဟုမိန့်တော်မူသည်။
ထိုသူသည်ထိုအကြွေးကိုပေးဆပ်နိုင်စွမ်းမရှိ သဖြင့်မင်းကြီးကထိုသူနှင့်တကွသားမယား၊ ဥစ္စာပစ္စည်းရှိသမျှတို့ကိုရောင်း၍ပေးဆပ်စေ ရန်အမိန့်ချမှတ်တော်မူ၏။-
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။-
ထိုအခြင်းအရာကိုရှိမုန်ပေတရုမြင်လျှင် သခင်ယေရှု၏ခြေတော်ရင်းမှာပျပ်ဝပ် လျက် ``အရှင်ဘုရား၊ အကျွန်ုပ်သည်အြုပစ် သားဖြစ်သောကြောင့်အကျွန်ုပ်၏ထံမှ ကြွသွားတော်မူပါ'' ဟုလျှောက်၏။
သခင်ယေရှုသည်ထိုသူတို့နှင့်အတူကြွတော် မူ၍ တပ်ခွဲမှူး၏အိမ်နှင့်မလှမ်းမကမ်းသို့ရောက် တော်မူ၏။ ထိုအခါတပ်ခွဲမှူးသည်မိတ်ဆွေများ ကိုကိုယ်တော်၏ထံသို့စေလွှတ်ကာ ``အရှင်၊ ဒုက္ခ ရှာတော်မမူပါနှင့်။ အကျွန်ုပ်သည်မထိုက်မတန် သူဖြစ်ပါ၏။ အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ ထို့အတူအကျွန်ုပ် သည်အရှင်၏အထံတော်သို့လာထိုက်သူမဟုတ် ဟုယူဆပါ၏။-
သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
ငါ၏လူ့ဇာတိ၌ကောင်းသောအရာမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော်ငါ့မှာအကျင့် ကောင်းကို ပြုကျင့်လိုသောစိတ်ရှိသော်လည်းပြု ကျင့်နိုင်စွမ်းကားမရှိသောကြောင့်ဖြစ်၏။-
ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။-
ငါသည်ဘုရားသခင်၏လူစုတော်တွင်အသိမ် ငယ်ဆုံးဖြစ်ပေသည်။ သို့ရာတွင်ကိုယ်တော်သည် ခရစ်တော်၏အတိုင်းမသိကြွယ်ဝချမ်းသာ ခြင်းဆိုင်ရာသတင်းကောင်းကိုလူမျိုးခြား တို့အားဟောပြောကြေညာရန်နှင့်၊-
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။-