ဆာလံ 51:6 - Common Language Bible6 ကိုယ်တော်ရှင်သည်သစ္စာတရားကို နှစ်သက်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး စိတ်နှလုံးကိုဉာဏ်ပညာဖြင့်ပြည့်ဝစေ တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ကိုယ် တော် သည် အ တွင်း နှ လုံး၌၊ သ စ္စာ စောင့် ခြင်း ကို နှစ် သက်၍၊ ကွယ် ဝှက် ရာ များ၌၊ ဉာဏ် ပ ညာ ကို သိ စေ တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ဟုတ်မှန်ဖြောင့်မတ်သောစိတ်နှလုံးကို နှစ်သက်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အမှုကို အထံတော်တွင်လျှောက်လဲရသော် ကိုယ်တော်ရှင်သာလျှင်ဖြောင့်မတ်သောအရှင် ဖြစ်ပါသည်။ သို့ရာတွင်တရားမျှတမှုရှိမရှိနှင့်ပတ် သက်၍ ကျွန်တော်မျိုးလျှောက်ထားလိုပါ၏။ အဘယ်ကြောင့်သူယုတ်မာတို့သည် ချမ်းသာကြွယ်ဝကြပါသနည်း။ မရိုးမဖြောင့်သူတို့သည်အဘယ်ကြောင့် အေးချမ်းစွာနေရပါသနည်း။
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-