ဟေရှာယ 50:1 - Common Language Bible
1 ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1-2 ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ သင် တို့ အ မိ ကို ငါ ကွာ လိုက် သော ဖြတ် စာ အ ဘယ် မှာ နည်း။ ငါ့ မြီ ရှင် တို့ အ နက် မည် သူ့ ထံ သင် တို့ ကို ရောင်း စား ခဲ့ သ နည်း။ သင် တို့ သည် ကိုယ့် ဒု စ ရိုက် များ ကြောင့် သာ ရောင်း ချ ခြင်း၊ အ မိ လည်း သင် တို့ လွန် ကျူး မှု များ ကြောင့် သာ စွန့် ခွာ ခြင်း ကို ခံ ရ ကြ ပြီ တ ကား။ ငါ ရောက် သော အ ခါ လူ မ ရှိ၊ ခေါ် သော အ ခါ မ ထူး သည် မှာ အ သို့ နည်း။ ငါ မ ရွေး နုတ် နိုင် အောင် လက် ရုံး တို သ လော။ မ ကယ် လွှတ် နိုင် အောင် တန် ခိုး မဲ့ သ လော။ ကြည့် လော့၊ ငါ ဆုံး မ သ ဖြင့် သ မု ဒ္ဒ ရာ ရေ ခန်း ခြောက်၍၊ မြစ် များ သောင် ဖြစ်လျက်၊ ရေ မ ရှိ သော ကြောင့် ငါ များ လည်း ရေ ငတ် သေ ဆုံး ညှီ နံ ကုန် ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါလွှတ်လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြုသော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
1 ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ