အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။-
ယောဘဝတ္တု။ 1:6 - Common Language Bible ဘုရားသခင်၏ သားတို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍လာ၏။ Garrad Bible တစ် နေ့ သ၌ ကောင်း ကင် သား တို့ သည်။ ထာ ဝ ရ ဘု ရား ထံ တော် သို့ ဝင် ရောက် ခ စား ကြ ရာ။ စာ တန် လည်း သူ တို့ နှင့် အ တူ ပါ လာ သည် ဖြစ်၍။ Judson Bible ဘုရားသခင်၏သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှာ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်ရောနှော၍ လာ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့တွင် ဘုရားသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဝင်ရောက်ခစားသောအခါ စာတန်သည်လည်း သူတို့နှင့်အတူရောက်လာ၏။ |
အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။-
ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။-
နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ် လည်လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားက`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူကိုပျက်စီးစေခြင်းငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်အား မိန့်တော်မူ၏။
နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
တန်ခိုးစွမ်းရည်ကြီးမား၍ကိုယ်တော်၏ အမိန့်တော်များကိုလိုက်နာလျက် ကိုယ်တော်၏စကားကိုနားထောင်သော ကောင်းကင်တမန်တို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။
ထိုသူတို့က``မှန်ပါသည်အရှင်မင်းကြီး'' ဟုလျှောက်ထားလျှင်၊ မင်းကြီးက``ယင်းသို့ဖြစ်ပါမူမီးထဲတွင် လူလေးယောက်သွားလာနေသည်ကိုအဘယ် ကြောင့်ငါမြင်ရပါသနည်း။ သူတို့အား တုပ်နှောင်ထားခြင်းလည်းမရှိ၊ သူတို့သည် မီးလောင်ခံကြရပုံလည်းမပေါ်။ ထို့ပြင် စတုတ္ထလူသည်ကောင်းကင်တမန် နှင့်တူသည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရား၏ကောင်းကင်တမန်ရှေ့တွင် ယဇ်ပုရောဟိတ်မင်းယောရှုရပ်လျက်နေသည် ကို အခြားဗျာဒိတ်ရူပါရုံတစ်ခုတွင်ငါ့ အားထာဝရဘုရားပြတော်မူ၏။ ယောရှု ၏နံဘေးတွင်စာတန်သည်ရပ်လျက်နေ၏။ သူသည်ယောရှုအားပြစ်တင်စွပ်စွဲရန် အသင့်ရှိပေသည်။-
``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။-
ကာဣနန်ကားဧနုတ်၏သား၊ ဧနုတ်ကားရှေသ၏ သား၊ ရှေသသည်ကားအာဒံ၏သား၊ အာဒံကား ဘုရားသခင်၏သားဖြစ်သတည်း။
သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။-